Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၆ ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊မာရကန်ကျေးရွာကို စစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ့်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်းမရကန်ကျေးရွာကို ဒီဇင်ဘာလ ၅ ရက်၊ မနေ့ ညနေ ၈ နာရီ ၁ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ့်ရှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမာရကန်ကျေးရွာမှ အသက်ငါးနှစ်အရွယ် ခန့်ဇေယျာအောင်၊ အသက်ငါးဆယ်အရွယ်ဦးလင်းအောင်၊ အသက်ငါးဆယ်သုံးနှစ်အရွယ် ဒေါ်ဌေးစီ၊ အသက် နှစ်ဆယ့်နှစ်နှစ်အရွယ်ကိုဖြိုးဝေအောင်၊ သန်းဇော်ဦး၊ အသက်ခုနှစ်ဆယ်ခုနှစ်နှစ်အရွယ် ဦးတင်ရွှေ၊ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်ခင်မာအေး၊ အသက်သုံးဆယ်ရှစ်နှစ်အရွယ်ကို ဝေယံစိုး၊ အသက်လေးဆယ်လေးနှစ်အရွယ် ကိုဖိုးနီ တို့သေဆုံးခဲ့ကြပါတယ်။
အဲဒီအပြင် အသက်ငါးဆယ်ခြောက်နှစ်အရွယ်ဦး ကံဌေး၊ အသက်ခုနှစ်ဆယ်နှစ်နှစ်အရွယ် ဦးမြတ်ရှိန်း၊ အသက်ခုနှစ်ဆယ်ငါးနှစ်အရွယ် ဦးညဏ်ပို၊ အသက် သုံးဆယ်သုံးနှစ်အရွယ်ရဲထက်၊ အသက်လေးဆယ်လေးနှစ်အရွယ် ကိုဇော်ဌေး၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ်ပူတူး၊ အသက်ငါးဆယ်ကိုးနှစ်အရွယ် ဦးကျော်မြင့်၊ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဦးမြင့်သောင်း၊ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်ခင်မော်တို့ သေဆုံးခဲ့ကြရပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ငါးနှစ်အောက်ကလေးနှစ်ဦး၊ အမျိုးသမီး သုံးဦး၊ အမျိုးသားဆယ့်ရှစ်ဦးပါဝင်ပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ မာရကန်ကျေးရွာမှနေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိသေးတာကြောင့် အခြေအနေကိုဆက်ပြီး စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အများပြည်သူနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်းမှပစ်ခတ်တိုက်ခိုတ်သတ်ဖြတ်တာတွေ နေ့စဉ်ပြုလုပ်နေပြီး ပြည်သူတွေ လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ဖို့ကိုလည်း အသိပေးထားပါတယ်။






