Border News Agency
ဒါကာ၊ ဒီဇင်ဘာ ၈။
အိန္ဒိယနယ်ခြားစောင့်တပ်(BSF)နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ဟာ တပ်မှူးအဆင့်တွေ့ဆုံကြတယ်လို့ ထရိပူရသတင်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။
အဲဒီထရိပူရနယ်မြေထဲမှာရှိတဲ့နယ်စပ်အနီးမာနူဂတ်(Manughat)နေရာက မြေယာအကောက်ခွန်ရုံးမှာ တွေ့ဆုံကြတာပါ။
အဲဒီတွေ့ဆုံမှုမှာ နယ်စပ်တလျှောက် ဖြ စ်ပျက်ခဲ့တဲ့အခြေအနေအပေါ်မှာ နှစ်ဘက်စလုံးက ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။
အဲဒီနယ်စပ်ဒေသစီမံခန့်ခွဲမှာအရေး ကြီးတဲ့အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြသလို ခွင့်ပြုချက်မဲ့ဖြတ်ကျော်ဝင်ရောက်မှုတွေ၊မှောင်ခိုကုန်ပစ္စည်းတင်သွင်းမှုတွေလိုမျိုး တရားမဝင်လုပ်ရပ်တွေတားဆီးဖို့ကိစ္စတွေကိုလည်း ဆွေး နွေးကြတယ်လို့ ဆိုပါတယ်။
အဲဒီနှစ်ဘက်တပ်ဖွဲ့ဝင်တွေကြား ပူး ပေါင်းဆောင်ရွကက်မှုတွေ အားကော င်းလာဖို့နဲ့အပြန်အလှန် ယုံကြည်မှုတ ည်ဆောက်နိုင်ဖို့ရည်ရွယ်တွေ့ဆုံကြတာပါ။
အိန္ဒိယအကြီးတန်းအရာရှိတွေက ခိုင်မာတဲ့စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးရေးတွေဟာ အပြန်အလှန်နားလည်မှုလွှဲမှားတာတွေကို တားဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ပြီးရင်နယ်စပ်တလျှောက် တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းထားလိမ့်မယ် လိုလည်းဆိုပါတယ်။
နှစ်ဘက်စလုံးက နယ်စပ်တလျှောက်နေထိုင်တဲ့ဒေသခံတွေအတွက် ဘေးကင်းလုံခြုံရေးဟာ ငြိမ်းချမ်းရေးကို ထိန်း သိမ်းနိုင်မှုနဲ့ မိတ်ဆွေဆက်ဆံရေးတ ည်ဆောက်မှုအပေါ်မူတည်နေတာကို လက်ခံထားကြပါတယ်။
နိုင်ငံတကာနယ်နိမိတ်နေရာတွေကို ငြိမ်းချမ်းစွာစီမံခန့်ခွဲကြဖို့နဲ့နှစ်ဘက် ပူးပေါင်းဆောင်ရွက်ညှိ့နှိုင်းမှုအပေါ် အ ခြေခံကြဖို့လည်း အိန္ဒိယနယ်ခြားစောင့်တပ်(BSF)နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ဟာကြား သဘောတူခဲ့ကြ
တယ်လို့ ဆိုပါတယ်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ ၄,၀ ၉၆ ကီလိုမီတာရှည်လျားထိစပ်နေပြီး တရားမဝင်ဖြတ်သန်းမှု၊မှောင်ခိုကူးမှု တရားမဝင်ကျွဲနွား၊မူးယစ်ဆေးဝါး၊လူမှောင်ခိုကူးသူများကို ဖမ်းဆီးရာမှာ နှစ်ဘက်တပ်ဖွဲ့များကြား နားလည်မှုလွဲမှားတာ၊ထိပ်တိုက်ရင်ဆိုင်ရတာတွေ ဖြစ်လေ့ရှိပါတယ်။
ဒါပေမယ့် နှစ်ဘက်စလုံးကအခြေအနေတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းလေ့ရှိပါတယ်။
အိန္ဒိယနယ်ခြားစောင့်တပ်(BSF)နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ဟာ အပြန်အလှန်ယုံကြည်မှုနဲ့နားလည်မှုကို တည်ဆောက်ဖို့အတွက် နှစ်စဉ်နှစ်ကြိမ်ခန့် အဆင့်မြင့်ညှိနှိုင်းဆွေးနွေးပွဲလုပ်လေ့ရှိပါတယ်။






