Border News Agency
နေပြည်တော်၊ ဒီဇင်ဘာ ၉။
ပြင်ဦးလွင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ငွေကျပ် ၁၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ပါတယ်။
အဲဒိိီပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာမှဝေလင်းထွန်း၊ အောင်သူဖြိုးနဲ့ပြည့်ဖြိုးဟိန်းကို စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီး ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆၂ သိန်းထပ်ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း၊ငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးနဲ့အတူ ကျော်မိုးထွန်းကိုဒီဇင်ဘာလ ၁ ရက်နေ့က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိနေအိမ်မှာဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးကိစွမှာ ကျော်မိုးထွန်းနဲ့အတူပူးပေါင်းတဲ့ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှကျော်ကျော်၊ ဟိန်းစည်သူနဲ့ရွှေတောင်မြို့မှ ကျော်မောင်မောင်လှိုင်တို့ မဖမ်းမိသေးဘူးလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်မှအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့သို့ ပို့မယ့်ပစွည်းတွေဖြစ်တယ်လို့ဆိုပါတယ်။






