Border News Agency
ဂွ၊ဒီဇင်ဘာ ၁၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဂွမြို့ကို ဒီဇင်ဘာလ ၁၁ ရက်၊ ဒီနေ့ မနက် ၉ နာရီ ၂၂ မိနစ်အချိန်က စစ်ကော်မရှင်တပ်မှ လေကြောင်း၊လက်န က်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဂွမြို့အနီးပင်လယ်ပြင်မှာစခန်းချထားတဲ့ စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောတွေက ဂွမြို့ပတ်ဝန်းကျင်ကို လက်န က်ကြီးအလုံးသုံးဆယ်ထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒီနေ့ နေ့လည် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဂွမြို့ကို စစ်ကော်မ ရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မပြည်သူ့ဆေးရုံကြီးကိုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာ ရီ ၁၃ မိနစ်အချိန်ခန့်က ရည်ရွယ်ချက်ရှိရှိလေကြောင်းမှ ပေါင်ငါးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတက်နေကြတဲ့ လူနာတွေ၊ အသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင်အရပ်သားသုံးဆယ်သုံးဦးသေဆုံးပြီး ခုနှစ်ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က ဒရုန်းတွေ၊လေယာဥ်တွေနဲ့ဝေဟင်ကင်း ထောက်တာတွေနေ့စဥ်ပြုလုပ်နေပါတယ်။
အဲဒီအပြင် ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စစ်သင်္ဘောကြီးတွေ၊ တိုက်လေယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေရှိနေပါတယ်။
အဲဒါကြောင့်အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာတွေကိုနိုင်ငံတကာအသိုင်းအဝိုင်းကအကာအကွယ်ပေးကြဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။





