Border News Agency
ပဲခူး၊ ဒီဇင်ဘာ ၂၀။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်ဖွဲ့ဝင် ဒုရဲအုပ်ဇော်ထွန်းဝင်းအပါအဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနမှ ဒီဇင်ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ဂိတ်မှ စစ်ကော်မရှင်တပ်ဆိုင်ကယ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO တွေပူးပေါင်းပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး ဆေးရုံမှာဒဏ်ရာနဲ့ နှစ်ဦးထပ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး သူတို့ကိုင်တဲ့လက်နက်ငယ်နှစ်လက်နဲ့ ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။






