Border News Agency
ပေါက်တော၊ ဒီဇင်ဘာ ၂၃ ။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ ဆင်တက်မော်မူဆလင်ကျေးရွာမှ ရေလုပ်သားမူဆလင်နှစ်ဆယ့်ရှစ်ဦးကို ငါးဖမ်းဘုတ်သုံးစီးနဲ့ စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီရေလုပ်သားတွေကို ပေါက်တောမြို့နယ်အစပ်ရှိ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဆင်တက်မော်မူဆလင်ကျေးရွာမှ အသက်သုံးဆယ်အရွယ် နော်ဇီရာမာန်၊ အသက်ငါးဆယ်အရွယ် ကာသိမ်း၊ အသက်ငါးဆယ်အရွယ် အာယူပ်၊ အသက် လေးဆယ်ငါးနှစ်အရွယ် နာသိရ်၊ အသက်လေးဆယ်အရွယ် အာဒူရော်သော်တ်၊ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် မာမာတ်အာန်သာရ်တို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အသက်ဆယ့်ရှစ်နှစ်အရွယ်လာလူး၊ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မာတ်နူရ်၊ အသက်နှစ်ဆယ်အရွယ်ဟဘဲရ်၊ အသက်သုံးဆယ်ငါးနှစ်အရွယ် မာတ်သော့ယော်တ်၊ အသက်ငါးဆယ်အရွယ်ရော်ဖီ၊ အသက်ငါးဆယ်အရွယ်အာဒူလောက်၊ အသက်ဆယ့်ခုနှစ်အရွယ်အာမာနူလာ၊ အသက်သုံးဆယ်အရွယ် ဒေါ့လာ၊ အသက်နှစ်ဆယ့်ခုနှစ်အရွယ် မူဟီဒိန်၊ အသက်သုံးဆယ်ရှစ်နှစ်အရွယ် မာသူန်တို့ဖြစ်ပါတယ်။
နောက်ပြီး အသက်သုံးအဆယ်နူရာမိန်၊ အသက်ဆယ့်ခုနှစ်နှစ်အရွယ် အာဒူဟဘဲတ်၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ဟရုံး၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် အူပါန်၊ အသက်နှစ်ဆယ့်ခုနှစ်အရွယ် ဘာကဲရ်၊ အသက်နှစ်ဆယ့်တနှစ်အရွယ် ယေမာမာတ်၊ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ရော်ဘီ၊ အသက်သုံးဆယ်သုံးနှစ်အရွယ် အာဒူကော်ရိမ်၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ချူးကူ၊ အသက်သုံးဆယ်အရွယ် မာသောင်၊ အသက်ဆယ့်ခြောက်နှစ်အရွယ် အာဘူကာလာမ်၊ အသက်သုံးဆယ်အရွယ် နူရော်လောက်တို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတာပါ။
အဲဒီမူဆလင်ရေလုပ်သား နှစ်ဆယ့်ရှစ်ဦးဟာ ဒီဇင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ငါးဖမ်းဘုတ်သုံးစီးနဲ့အတူ ပေါက်တောနယ်အစပ် ပင်လယ်ပြင်မှာ ငါးဖမ်းနေချိန် ကျောက်ဖြူဖက်မှလာတဲ့ စစ်ကော်မတပ်နေဗီနှစ်စီးမှ ဖမ်းဆီးသွားတာလို့ ဒေသခံတွေကဆိုကြပါတယ်။
သူတို့တွေကို ကျောက်ဖြူဘက်သို့ဖမ်းခေါ်သွားပြီး ငါးဖမ်းဘုတ်သုံးစီးကိုလည်း ယူသွားတယ်လို့ဆိုကြပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်ပြီး ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ပေါက်တောမြို့နယ်က ဒေသခံအများစုမှာ မိသားစုစားဝတ်နေရေးကြောင့် ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ရတဲ့အခါ စစ်ကော်မရှင်တပ်က ဖမ်းဆီးမှုတွေဆက်တိုင်းပြုလုပ်နေတာမို့ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ငါးဖမ်းမထွက်ရင် စားဝတ်နေရေးမပြေလည်မှုတွေရှိနေလို့ အဖမ်းအဆီးတွေကြားကနေ အသက်စွန့်ပြီးငါးဖမ်းထွက်ကာ ဝမ်းစာရှာဖွေနေကြရတယ်လို့ ဆိုကြပါတယ်။





