Border News Agency
လောင်းလုံး၊ ဒီဇင်ဘာ ၂၄။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ်တောင်ပေါ်သို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၁၀နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ ခန့် တိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ဒုတပ်ကြပ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ရဲဘော်တွေ ထိခိုက်မှုမရှိဘေးကင်းစွာပြန်ပြီး ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းတာနဲ့ စစ်ရေးတွေအရှိန်ဟုန်တိုးမြင့်စွာ ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြည်သူတွေစစ်ရေးအထူးသတိရှိဖို့၊ သတိပြုသွားလာ နေထိုင်ကြဖို့ တိုက်တွန်း အသိပေးထားပါတယ်။










