Border News Agency
ဂွ၊ ဒီဇင်ဘာ ၂၈။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ စစ်ကော်မရှင်တပ်က ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကျင်းပနေတဲ့ဒီဇင်ဘာ လ၂၈ ရက်၊ ဒီနေ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ လွှတ်တော်သုံးရပ်ရဲ့မဲဆန္ဒနယ်နှစ်ဆယ်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်နှစ်ဆယ်မှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်း၊ သံတွဲ၊ ဂွ၊ တောင်ကုတ်ပါဝင်ပါတယ်။
အဲဒီရွေးကောက်ပွဲမှာပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၂၆၅၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်၇၃၊ အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် ၂၅၇ မှာသာ ရွေးကောက်ပွဲကျင်းပနေပါတယ်။
အဲဒီအပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ စုစုပေါင်း မဲဆန္ဒနယ် ၆၉၂ သာ ကျင်းပနေပါတယ်။






