Border News Agency
ဆောထိ၊ ဒီဇင်ဘာ ၃၀။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှာ စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဆောထိမြို့နယ်၊ သံဆိပ်ရွာမကျေးရွာကို ဒီဇင်ဘာလ ၂၄ ရက်၊ မနက် ၁၁နာရီ ၃၀ မိနစ်ခန့်အချိန်က စစ်ကော်မရှင်တပ်ရဲ့ ၈၁ မမ လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် အသက်ခြောက်ဆယ့်ကိုးနှစ်အရွယ် ဦးအောင်ကြည်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မှ သံဆိပ်ရွာမကျေးရွာသားတွေဖြစ်တဲ့ မသီသီထွေး၊ မောင်ဇင်မင်းဦး၊ ဦးမောင်စိန်၊ ကိုရဲထွေးတို့ လေးဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးသွားသူတွေထဲမှ ဦးမောင်စိန်နဲ့ ကိုရဲထွေးရဲ့လက်ကို ဓားနဲ့မွှန်းတာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။






