Border News Agency
လယ်ထွီထူး၊ ဇန်နဝါရီလ ၂။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ ရေလဲအနောက်ဘက်ကမ်းကျေးရွာကို ပြီခဲ့တဲ့ဒီဇင်ဘာလ ၂၉ ရက်၊ နေ့က စစ်ကော်မရှင်တပ်လက် က်ကြီးနှစ်လုံးပစ်ခတ်တယ်လို့ဆိုပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် အသက်သုံးဆယ်ရှစ်နှစ်အရွယ် မောင်ထင်လင်းအောင်မှာ လက်နက်ကြီးကျည်ထိမှန်ပြီးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လယ်ဒိုမြို့နယ်၊ ပိုးလိုနိုဖိုးကျေးရွာကို ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကော်မရှင်တပ်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့် အသက်ဆယ့်ခြောက်နှစ်အရွယ် စောသခူးဒိုဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေ၊ သူတို့ထိန်းချုပ်ထားဆဲမြို့တွေကိုလည်း လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။






