Border News Agency
မော်ချီး၊ ဇန်နဝါရီ ၆။
ကရင်နီမှာ ဒီဇင်ဘာလတလအတွင်း စစ်ကော်မရှင်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း အကြိမ်နှစ်ဆယ်ထိပြုလုပ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က (KnHRG)ဇန်နဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကရင်နီပြည်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ ဖရူဆို၊ မယ်စဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းအကြိမ်နှစ်ဆယ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ခြောက်ကြိမ်၊ လက်နက်ကြီးငါးကြိမ်၊ မိုင်းတကြိမ်၊ ဖမ်းဆီးခံရတာသုံးကြိမ်၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတကြိမ်၊ နေအိမ်မီးရှို့ခံရမှုသုံးကြိမ်၊ မီးလောင်သေဆုံးတာတကြိမ် စတဲ့လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အမျိုးသားတဆယ့်နှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ကလေးငယ်နှစ်ဦး အပါအဝင်စုစုပေါင်းတဆယ့်ခြောက်ဦးဒဏ်ရာရပြီး အမျိုးသားသုံးဦးသေဆုံးခဲ့လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နဲ့ပူပေါင်းပြီး လေကြောင်း တိုက်ခိုက်တာ၊နေအိမ်ငါးဆယ်ကိုးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာကာ အရပ်သားတွေကိုဖမ်းဆီး၊ နေအိမ်တွေကို မီးရှို့တာ၊ လမ်းကြောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို အရေးပေါ်အခြေအနေအဖြစ်အသိအမှတ်ပြုပေးဖို့နဲ့ အာဏာသိမ်းအကြမ်းစစ်ကော်မရှင်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို လျော့ပါးစေဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကနိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုထားပါတယ်။






