Border News Agency
သံတွဲ၊ ဇန်နဝါရီ ၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ ငပလီမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးလေးဦးအပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီငပလီမြို့၊လင်းသာရပ်ကွက်၊ကျင်းကန်ကြီးရွာကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားကိုးဦးသေဆုံးခဲ့ပြီး ဆယ့်ကိုးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှ ဆေးကုသမှုခံယူနေတဲ့ အသက်ငါးဆယ်လေးနှစ်အရွယ် ဦးဝင်နိုင်ဟာ ဇန်နဝါရီလ ၅ ရက်၊ ညနေ ၇နာရီခွဲအချိန်ခန့်က သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီသံတွဲမြို့နယ်၊ရပ်ရှည်ရွာကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေရှိ ပြည်သူတွေကို နေ့စဥ်ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။
အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့ ၊ ညအချိန်မရွေးသတိရှိကြဖို့ အာရက္ခတပ်တော်က အထူးအသိပေးတိုက်တွန်းထားပါတယ်။





