Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၆။
မြန်မာနိုင်ငံတဝှမ်း ၂၀၂၅ ခုနှစ်အတွင်း မှာစစ်ကော်မရှင်တပ်ကြောင့် အရပ်သားတထောင့်ငါးရာကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဇန်နဝါရီလ ၅ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ သေဆုံးသူတွေထဲမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ကိုးရာခုနှစ်ဆယ်ငါးဦးသေဆုံးခဲ့ပြီး၊ လက်နက်ကြိီးကြောင့် နှစ်ရာ့တဆယ့်နှစ်ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်းနှစ်ရာ့ခြောက်ဆယ်ကိုးဦးရှိခဲ့ပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း တထောင့်ငါးရာတဆယ့်လေးဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ဖမ်းဆီးခံရပြီးနောက်နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ခံရသူ နှစ်ရာ့သုံးဆယ်ခြောက်ဦးရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ စစ်ကော်မရှင်နဲ့သူရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ ခုနှစ်ထောင့်ခြောက်ရာလေးဆယ်ခြောက်ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။





