Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ မောင်တောမြို့မီးလောင်နေ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ မောင်တောမြို့မီးလောင်နေ
Border News Agency
မောင်တော၊သြဂုတ် ၂၂။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့ပေါ်မှာ သြဂုတ်လ ၂၂ ရက်၊ဒီနေ့ညနေ ၆ နာရီကျော်အချိန်ခန့်မှစတင်ပြီး မီးလောင်နေတာကို ​အဝေးကလှမ်းမြင်နေကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုလေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေအပြင် မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်အ မှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကလည်း လက်နက် ကြီးပစ်ခတ်နေတာမို့ ကျရောက်ပေါက်ကွဲမီးလောင်နေတာလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့အမှတ် ၁ ဝင်/ထွက်စခန်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ အဲဒီအနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က လေကြောင်းက ပစ်ကူပေးနေတယ်လို့လည်း ဆိုကြပါတယ်။
”မောင်တောမြို့ထဲမှာမီးလောင်နေတာကို အဝေးကြီးကလှမ်းမြင်နေရပါတယ်။မြို့မစျေးကြီးအနီး၊ရှိတ္တာရွာနဲ့ရွာသစ်နောက်ဆုံးလမ်းလို့ကြားပါတယ်။နေရာ
နဲ့နေအိမ်တွေဘယ်လောက်ပါသွားသလဲတော့မသိရသေးပါဘူး။”လို့ မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့၊အမှတ် ၁ ရပ် ကွက်၊အမှတ် ၂ ရပ်ကွက်၊အမှတ် ၃ ရပ်ကွက်၊အမှတ် ၄ ရပ်ကွက်၊ကညင်တန်းရပ်ကွက်တွေမှာ စစ်ရေးအရအရေးပါပြီးအ ချက်အချာကျတဲ့အထပ်မြင့်အဆောက်အအုံတွေ၊တိုက်တာအိုးအိမ်တွေ၊စာ သင်ကျောင်းတွေအ ပါအဝင် တခြားနေရာတွေကို စစ်စခန်းတွေအဖြစ် အသုံး ပြုပြီး ခုခံနေကြတာလို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်မောင်တောမြို့မကညင်တန်းရှိဘင်္ဂလားဒေ့ရှ်ဘုန်းကြီးကျောင်း၊ဝန် ထမ်းအိပ်ရာ၊BAJ ရုံးအပြင်အပါအဝင် INGOs ရုံးတချို့နဲ့ဗလီတွေကို အကာ အကွယ်ယူခုခံတိုက်ခိုက်နေကြဆဲလို့ မောင်တောမြို့ နေပြည်သူတွေက ဆိုကြပါတယ်။
”ကညင်တန်း၊ရပ်ကွက်၂ ၊အောက်ရွာ၊ဖေဇီရွာတွေမှာ အာဆာတွေအခိုင်အမာနေရာယူထားကြတာပါ။အာဆာအမာခံရွာတွေပါ။ရွာသားတချို့ကတော့ပိတ်မိ
ကျန်နေပါတယ်။ဒါပေမယ့်အများစုကအာဆာတွေပါ။စစ်တပ်အမာခံတွေက။ခုထိအိမ်ထဲကနေပြီးပစ်နေကြတာပါ။”လို့ မောင်တောမြို့မကညင်တန်းမှ မွတ်ဆ လင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောနာရီစင်အနီးပတ်ဝန်းကျင်၊မြို့အရှေ့ တောင်ဘက်၊မြို့အဝင်နေ ရာတွေမှာ သြဂုတ်လ ၁၆ ရက်နေ့ကတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို
မောင်တောမြို့၊အမှတ် ၂ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းအနီးလူနေအိမ်မှာစခန်းချနေ ရာယူထားတဲ့စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်းအ စွန်းရောက်မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဩဂုတ်လ ၁၅ ရက်၊ညနေ ၄ နာရီအချိန်ခန့်က တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ် ။
အဲဒီမောင်တောမြို့ပေါ်က အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေက လူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ဖမ်းဆီးထားကြဆဲလို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
”မြို့ထဲမှာပိတ်မိကျန်နေသူတွေရှိနေပါသေးတယ်။ကျမတို့ဆွေးမျိုးတွေလည်းရှိနေပါသေးတယ်။သူတို့ကထွက်ပြေးလာဖို့ကြိုးစားနေကြပါတယ်။တပ်တော်နဲ့ အဆက်အသွယ်မရသေးလို့ထွက်မလာရဲကြတာပါ။”လို့ မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီအပြင်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလည်း မြို့ပေါ်နေရာအများစုမှာ နေရာယူခုခံနေကြသလို လူနေအိမ်တွေ၊စာသင်ကျော င်းတွေ၊ဗလီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင်အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို အကြမ်းဖက်မှုလုပ်ရပ်တွေကိုလည်း နေ့စဥ်ရက်ဆက်ကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင်အားငါးထောင်ခန့်ကို အကြမ်းဖက်မှုတွေကျူးလွန်ပြီး မောင်တောခရိုင်ကို အကြမ်းဖက်တိုက်
ခိုက်သိမ်းယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာအမည်ခံတ ချို့က ပူးပေါင်းပါဝင်အားပေးကူညီလှုပ်ရှားပို့ပေးခဲ့ကြတာလို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။
အဲဒီအပြင် လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံ နိုင်ငံတကာရောက်ရိုဟင်ဂျာအမည်ခံတွေက နောက်ကွယ်မှ အားပေးအားမြှောက်ကူညီကာကွယ်ပေးနေကြသလို ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပါ ဝင်ကူညီပေးကြဖို့ သတင်းတု၊သတင်းမှားတွေနဲ့အကြမ်းဖက်မှုတွေကို အား ပေးကူညီပါဝင်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့မီးလောင်နေတာကို အဝေးမှလှမ်းမြင်ရပုံ/လူမှုကွန်ရက်)
PrevPreviousတောင်ကုတ်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ နို့တိုက်မိခင်တစ်ဦးသေဆုံး
Nextနိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထားNext
Previous Post

တောင်ကုတ်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ နို့တိုက်မိခင်တစ်ဦးသေဆုံး

Next Post

နိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page