Border News Agency
ပဲခူး၊ ဇန်နဝါရီ ၉ ။
ပဲခူးတိုင်း၊ နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေတပြိုင်တည်းသိမ်းပိုက်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနက ဇန်နဝါရီလ ၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မြီးကောက်ပင်ရွာ ပျူစောထီးစခန်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည်အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နဲ့တာဆုံဘုရားအနီးတပ်စွဲထားတဲ့စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီလ ၇ ရက်နေ့က တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လိုဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဆယ်ကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော်တဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီးငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမြို့နယ်တွေကတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ၂၂ ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေ၊ဒရုန်းတပ်ဖွဲ့တွေနဲ့အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပဲခူးတိုင်း စစ်ဌာနနယ်မြေအတွင်း စစ်ဆင်ရေးတွေကို တိုးမြှင့်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်စခန်းအနီးဝန်းကျင်ကိုမလိုအပ်ဘဲသွားတာနဲ့ စစ်ရေးသတိနဲ့သွားကြဖို့အသိပေးထားပါတယ်။





