Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း အာရက္ခဒေသ

နိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထား

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
နိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထား
Border News Agency
ရန်ကုန်၊သြဂုတ် ၂၁။
ရန်ကုန်အပါအဝင် မြန်မာပြည်အနှံ့မှာ ရောက်ရှိနေထိုင်နေကြတဲ့ ရခိုင်လူမျိုးတွေကို စောင့်ကြည့်ထောက်လှမ်းစုံစမ်းဖော်ထုတ်ဖမ်းဆီးဖို့အတွက် ရခိုင်မှာတာဝန်ကျခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့စစ်ဖက်ရေးရာလုံ ခြုံရေး(စရဖ)တွေကို တာ ဝန်ပေးထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီအထဲမှာ ရန်ကုန်၊မန္တလေး၊နေပြည်တော်ရှိ ရခိုင်လူမျိုးတွေကို အဓိကဦးတည်းပစ်မှတ်ထား စောင့်ကြည့်ထောက်လှမ်းနေကြပြီး ရန်ကုန်နဲ့မန္တလေးရှိရခိုင်လူမျိုးတွေဟာ အထူးသတိထားစောင့်ကြည့်ခံနေကြရသူတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီအထဲမှာ အာရက္ခတပ်တော်(AA)နဲ့ဆက်နွယ်ပတ်သက်နေကြသူတွေ၊ငွေ ကြေးကူညီထောက်ပံ့ပေးနေကြသူတွေအပါအဝင် အားပေးထောက်ခံနေကြသူ
အားလုံးကို ဖော်ထုတ်အရေးယူနိုင်ဖို့စောင့်ကြည့်စုံစမ်းနေကြတာလို့ စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
”ရန်ကုန်၊မန္တလေး ဘယ်မှာပဲနေနေ၊ရခိုင်ဆိုရင် ကွင်းဆက်လိုက်ပြီးစောင့်ကြည့်ထောက်လှမ်းနေပါတယ်။အဓိက AAနဲ့ပတ်သက်မှုတွေ၊ငွေကြေးထောက်ပံ့မှု
တွေကိုပါ။ဌာနဆိုင်ရာဝန်ထမ်းတွေ၊စီးပွားရေးသမားတွေကနေသာမန်လူတွေထိပါပါတယ်။”လို့ ရန်ကုန်မှစစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီရန်ကုန်တိုင်းဒေသကြီးမှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရဲ့တပ်ရင်းမှူးဒု ဗိုလ်မှူးကြီးခင်မောင်ဝင်းကိုယ်တိုင်ဦးဆောင်ပြီး ရန်ကုန်ရှိရခိုင်လူမျိုးတွေကို
စောင့်ကြည့်ထောက်လှမ်းနေသလို သူဟာ ရခိုင်မှာတာဝန်ကျခဲ့တာမို့ ရခိုင်လူ မျိုးတွေရဲ့သတင်းအချက်အလက်တွေအဆင်သင့်ရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒီရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ယောက်ဖတော်စပ်သူ၊အသက် ၄၁ နှစ်အရွယ်ကိုကျော်သန်းဇံကို ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှဖမ်းဆီးခဲ့ပါတယ်။
အဲဒီအပြင် ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ပါတီလူငယ်ခေါင်းဆောင်ကိုခင်မောင်ဝင်းအပါအဝင်ရခိုင်လူငယ်သုံးဦးကိုလည်း မေလ ၃၁ ရက်နေ့က ရန်ကုန်မှာဖမ်း ဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်တရားစွဲဆိုထားပါတယ်။
အဲဒီလိုစောင့်ကြည့်ထောက်လှမ်းဖော်ထုတ်အရေးယူနေတာဟာ သတင်းပေးတွေ၊ဒလန်းတွေထားရှိသလို လူမှုကွန်ရက်တွေကို အချိန်ပြည့်စောင့်ကြည့်တာတွေပြုလုပ်နေကြပြီး သေချာရင်ဖမ်းဆီးလိုက်ကြတာလို့ ဆိုကြပါတယ်။
”ရခိုင်အကောက်တွေမှာ စစ်တပ်ကအနည်းနဲ့အများရှိနေကြပြီးသားပါ။လူသိများသူတွေ၊စာရင်းပေါက်ပြီးသားသူတွေဆိုရင် ပုံတင်တာ၊စာတင်တာတွေကအစသက်သေယူထားပါတယ်။နေရာသေချာရင်သွားဖမ်းကြပါတယ်။ရန်ကုန်မှာအဖမ်းခံရသူတချို့က Facebookကြောင့်ပါ။”လို့ ရန်ကုန်မှာတာဝန်ကျ နေတဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီရန်ကုန်မှာ ရောက်ရှိနေထိုင်နေကြတဲ့ရခိုင်လူမျိုးအနည်းဆုံး ၁၅၀ ခန့်ကို စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး အများစုကို စစ်ခုံရုံးကအမိန့်ချကာ အင်းစိ န်ထောင်မှာကျနေကြတယ်လို့ ရန်ကုန်နေရခိုင်လူမျိုးတွေက ဆိုကြပါတယ်။
အဲဒီအပြင် သံတွဲ၊တောင်ကုတ်၊အမ်းမြို့တွေမှာ အာရက္ခတပ်တော်(AA)ရဲ့စစ်ရေးလှုပ်ရှားမှုတွေ၊အရပ်သားပြည်သူတွေရဲ့ပူးပေါင်းပါဝင်နေမှုတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ အရင်က မောင်တောမှာတာဝန်ကျခဲ့ပြီး လက်ရှိအမ်းမှာတာဝန်ကျနေတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်မှဗိုလ်ကြီးအာကာစိုးကို တာဝန်ပေးထားတယ်လို့ ဆိုကြပါတယ်။
နောက်ပြီး အရင်ကရခိုင်မှာတာဝန်ကျခဲ့ပြီး လက်ရှိ ရန်ကုန်မှာတာဝန်ကျနေတဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်မှ ဒုတပ်ရင်းမှူးဝင်းသူနဲ့ဗိုလ်ကြီးအာကာစိုးတို့ပေါင်းပြီး အမ်း၊တောင်ကုတ်၊ဂွမှာ ​​ဒေသခံတချို့ကို သတင်းပေးဒလန်းအဖြစ်ငွေကြေးထောက်ပံ့ပေးထားကာစစ်ဘေးရှောင်တွေလို အသွင်ယူဒလန်မွေးထားတယ်လို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
မန္တလေးမှာတော့ တောင်ငူဇာတိ၊စစ်ဖက်ရေးရာလုံ ခြုံရေးဒုတပ်ရင်းမှူးမင်းအောင်နိုင်ကို မန္တလေးတိုင်းဒေသကြီးရှိ ရခိုင်လူမျိုးအားလုံးအကြောင်းကို စောင့်ကြည့်စုံစမ်းဖော်ထုတ်အရေးယူဖို့ တာဝန်ပေးအပ်ခံထားရတယ်လို့ ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော် (AA)က အာရက္ခဒေသရှိမြို့အများစုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး မောင်တော၊သံတွဲ မြို့တွေကို အပြီးသတ်သိမ်းပိုက်ခါနီးနေသလို အမ်း၊ကျောက်ဖြူ၊တောင်ကုတ်၊ဂွ မြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အဲဒီအပြင် စစ်တွေ၊မာန်အောင်မြို့တွေမှာလည်း စစ်ရေးတင်းမာနေတာမို့ အ ရပ်သားပြည်သူအများအပြား ရန်ကုန်၊မန္တလေးစတဲ့မြို့တွေကို စစ်ဘေးရှောင်
သွားကြတာမို့ စစ်ဘေးရှောင်တွေအပါအဝင် ရခိုင်လူမျိုးတွေ အထူးစောင့်ကြည့်ခံနေကြရသလို လူမျိုးရေးခွဲခြားဆက်ဆံခံနေကြရတယ်လို့ ဆိုကြပါတယ်။
May be an image of the Arc de Triomphe, Sacré-Cœur, the Place de la Bastille and text
PrevPreviousစစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ မောင်တောမြို့မီးလောင်နေ
Nextမောင်တောခရိုင်က လက်နက်ကိုင်အကြမ်းဖက်သမားတွေကို စစ်ကောင်စီတပ်က ရန်ကုန်သို့ပို့ဆောင်Next
Previous Post

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်လို့ မောင်တောမြို့မီးလောင်နေ

Next Post

မောင်တောခရိုင်က လက်နက်ကိုင်အကြမ်းဖက်သမားတွေကို စစ်ကောင်စီတပ်က ရန်ကုန်သို့ပို့ဆောင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page