Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မောင်တောခရိုင် သတင်း အာရက္ခဒေသ

မောင်တောခရိုင်က လက်နက်ကိုင်အကြမ်းဖက်သမားတွေကို စစ်ကောင်စီတပ်က ရန်ကုန်သို့ပို့ဆောင်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊သြဂုတ် ၂၅။

မောင်တောခရိုင်မှာ ပြန်ပေးဆွဲလူသတ်မြို့ရွာတွေကိုမီးရှို့ပြီးလက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားခေါင်းဆောင်တချို့အပါအဝင် အကြမ်းဖက်သမားတွေကို စစ်ကောင်စီတပ်က ရန်ကုန်သို့ပို့ဆောင်ထားပြီလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း၊စစ်ကောင်စီတပ်ဌာနဆိုင်ရာ တွေနဲ့မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားခေါင်းဆောင်တချို့အပါအဝင်အကြမ်းဖက်သမားတွေကို စစ်ကောင်စီတပ်က မောင်တောခရိုင်သို့စစ်သည်လက်နက်ရိက္ခာတွေလာရောက်ပို့ဆောင်ခဲ့တဲ့ ရေတပ်စစ် သင်္ဘောကြီးတွေနဲ့ထည့်ပေးလိုက်တာလို့ ဆိုကြပါတယ်။

အဲဒီအထဲမှာ မောင်တောခရိုင်ကမွတ်ဆလင်တွေကို စစ်သင်တန်းတက်ပြီးလက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျူး လွန်ဖို့ခေါင်းဆောင်ပါဝင်ခဲ့သူစိုးဝင်း၊မောင်တောနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေကမွတ်ဆလင်တွေမောင်တောသို့လာရောက်စစ်သင်တန်းတက်ဖို့ပါဝ င်ကူညီပေးခဲ့သူ မာမတ်ရော်ရိဖ်လည်းပါဝင်ခဲ့တယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီမာမတ်ရော်ရှိဖ်ဟာ အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)စစ်သင်တန်းပေးနေထိုင်ဖို့ နတ်မြစ်ထဲရှိ ကျီးကျွန်း ကို နယ်ခြားစောင့်ကွပ်ကွဲရေးဌာနဆီက အမည်ခံငှားပေးခဲ့သူတစ်ဦးလည်းဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မူးယစ် ဆေးဝါးတွေကို ARA ပို့ပေးဖို့အတွက်တာဝန်ခံအဖြစ် ကြားခံဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ ရှ်နိုင်ငံရှိဒုက္ခသည်တွေက ဆိုကြပါတယ်။

”အရပ်သားတွေဆီကတော့ ပိုက်ဆံတွေအများကြီးယူကြပါတယ်။အာဆာ၊အာအက်စ်အို၊အေအာအေတွေ၊စစ် သင်တန်းဆင်းတွေဆိုရင်တော့ အများကြီးမပေးကြရပါဘူး။အရာရှိကြီးတွေကပိုက်ဆံလည်းရ၊စစ်သားလည်းရ၊ မဲပေးမယ့်လူလည်းရအောင်လုပ်ပေးကြတာပါ။ဒါကြောင့်ဒစကမှူးကိုအခွင့်အရေးတွေပေးထားတာပါ။”လို့ မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းမှနယ်ခြားစောင့်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီလိုပို့ဆောင်တာတွေကို မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းမှာ နေထိုင်ကွပ်ကွဲနေတဲ့မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ရိုဟင်ဂျာ အမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားခေါင်းဆောင်တွေ၊မွတ်ဆလင်မူးယစ်ရာဇာတွေနဲ့ပူးပေါင်းပို့ဆောင်ခဲ့ကြတာလို့ မောင်တောခရိုင်မှစစ်ကောင်စီတပ်ဌာနဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒီလိုပို့ဆောင်ရာမှာမောင်တောခရိုင်မှစစ်ကောင်စီတပ်ဌာနဆိုင်ရာဝန်ထမ်းတွေကို မောင်တောမှ စစ်တွေထိ မြန်မာကျပ်ငွေသုံးသိန်းမှငါးသိန်းကျပ်ထိယူဆောင်သလိုမောင်တောမှရန်ကုန်ထိအနည်းဆုံးဆယ်သိန်းကျပ်ကနေဆယ့်ငါးသိန်းထိယူဆောင်တယ်လို့ မောင်တောခရိုင်မှစစ်ကောင်စီတပ်ဌာနဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတ ယ်။

အဲဒီမောင်တောခရိုင်မှမွတ်ဆလင်တွေကိုတော့ မောင်တောမှစစ်တွေထိငါးသိန်းကျပ်ကနေဆယ်သိန်းကျပ်ထိ ဖြစ်သလို မောင်တောမှရန်ကုန်ထိကျန်သိန်းနှစ်ဆယ်ကနေကျပ်သိန်းသုံးဆယ်ထိ ယူကြပေမယ့် ရိုဟင်ဂျာအမ ည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုတော့ ခရီးစာရိတ်အခကြေးငွေယူ၊မယူအတိအကျမသိကြရဘူးလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတယ်။

”ဘယ်သူကအာဆာ၊ဘယ်သူကအကြ မ်းဖက်သမားလဲကျနော်တို့သိတာပေါ့။ဘူးသီးတောင်၊မောင်တောမှာ ဘယ်သူကဘာလဲဒေသခံတွေသိကြပါတယ်။ကျနော်တို့နဲ့အတူပါတော့ မြင်တာနဲ့သိပါတယ်။တချို့ကတော့ စစ်တွေမှာဆင်းကျန်ခဲ့ကြပါတယ်။”လို့ မောင်တောမှရန်ကုန်သို့လိုက်ပါသွားခဲ့သူမောင်တောခရိုင်မှ စစ်ကောင်စီ ဌာနဆိုင်ရာအရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီလိုပို့ဆောင်တာတွေကို မောင်တောမြို့နယ်ရှိ အမှတ် ၁ ဝင်/ထွက်စခန်းရှိဆိပ်ကမ်း၊အလယ်သံကျော်ကမ်း ခြေ၊မကျဥ်းချောင်းဝကင်းစခန်း၊မောင်နီရွာချောင်းဝကင်းစခန်းတို့ကပို့ဆောင်ခဲ့ပြီးကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှအဓိကပို့ဆောင်ခဲ့တာဖြစ်သလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအပါအဝင် မောင်တောခရိုင်မှ မွတ်ဆလင်ငါးသောင်ခန့်ထိပါဝင်ခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း၊စစ်ကောင်စီတပ် ဌာနဆိုင်ရာတွေနဲ့မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီလိုပို့ဆောင်ရာမှာ စစ်ကောင်စီတပ်အရာရှိကြီးတွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(AR SA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားခေါင်းဆောင်အားလုံးပါဝင်ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီမောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)မှကိုကိုလင်း၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)မှစီးပွားရေးတာဝန်ခံ ရန်ကုန်မြို့နေ သူစိုးဝင်း၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)မှမာမတ်ရော်ရှိဖ်၊ရွှေမြန်မာကုမ္ပဏီပိုင်ရှင်၊ကြံ့ဖွတ်အမတ်ဟောင်း ဌေးဝင်း၊ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်၊ကြံ့ဖွတ်အမတ်ဟောင်းအောင်ဇော်ဝင်း၊ကြံ့ဖွတ်အမတ်ဟောင်းပြည်ပြေးရွှေမောင်တို့ပါဝင်ခဲ့ကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း၊စစ်ကောင်စီတပ်ဌာနဆိုင်ရာတွေနဲ့ မွတ်ဆ လင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီဘူးသီးတောင်မြို့နယ်မှာ အရပ်သားပြည်သူပြန်ပေးဆွဲဖမ်းဆီးသတ်ဖြတ်မြို့၊ရွာတွေကိုမီးရှိုးဖျက်ဆီးတာတွေ ကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားခေါင်းဆောင်၊ကြံ့ဖွတ်အမတ်ဟောင်းပြည်ပြေးရွှေမောင် ဟာ အာဆာခေါင်းဆောင်အဖြစ်တာဝန်ပေးခိုင်းစေခဲ့တာဖြစ်ပြီးအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)ကအဓိကဦးဆောင်ပြီး ဘူးသီးတောင်မြို့နယ်၊ဖောင်တော်ပြင်ကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည် စခန်းအမှတ်၁၅ သို့ထွက်ပြေးသွားသူ စိုးမြင့်ဦးဆောင်ကာ စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင် အကြမ်း သမားတွေက ပြုလုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်မှာတော့ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)မှကိုကိုလင်း၊ဒီလ်မာမတ်၊ရွှေ မြန်မာကုမ္ပဏီပိုင်ရှင်၊ကြံ့ဖွတ်အမတ်ဟောင်းဌေးဝင်း၊ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်၊ကြံ့ဖွတ်အမတ်ဟောင်း အောင်ဇော်ဝင်း၊မောင်တောခရိုင်ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေ၊ပါတီဝင်တွေ၊မူးယစ်ရာဇာတွေ၊လူကုန်ကူးသမားတွေပါဝင်ခဲ့ကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း၊စစ်ကောင်စီတပ်ဌာနဆိုင်ရာတွေနဲ့ မွတ်ဆလင်အသိုင်း အဝိုင်းက အတည်ပြုပြောကြပါတယ်။

”စစ်တွေဖြစ်ဖြစ်၊ရန်ကုန်သို့ဖြစ်ဖြစ်လို က်မယ့်သူတွေက ဒီလ်မာမတ်သဘောတူခွင့်ပြုမှရတာပါ။သူက သူရိန် ထွန်းထက်ပါဝါရှိပါတယ်။လက်နက်ကိုင်းမဟုတ်တဲ့အရပ်သားတွေကသူခွင့်ပြုမှလိုက်ရတာပါ။သိန်းငါးဆယ်ထိ ပေးလိုက်ရသူတွေရှိပါတယ်။မိသားစုတခုကသိန်းထောင့်ငါးရာထိပေးလိုက်ရသူတွေလည်းရှိပါတယ်။”လို့ မောင်တောမြို့မှရန်ကုန်သို့လိုက်ပါးသွားတဲ့မောင်တောမြို့ခံမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီလိုပို့ဆောင်ရာမှာ မောင်တောမြို့နယ်၊မြင်းလွှတ်ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ၊အာရကန်ရိုဟင်ဂျာတပ် မတော်(ARA)ဥက္ကဋ္ဌအေနာယာဒ်အုလ္လာလည်းပါဝင်သလိုဘူးသီးတောင်၊မောင်တော၊စစ်တွေ၊ရန်ကုန်မှစစ်ကောင်စီတပ်နဲ့ဆက်နွယ်နေကြတဲ့အစ္စလာမ်းဘာသာရေးဆရာတွေလည်းပါဝင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း ၊စစ်ကောင်စီတပ်ဌာနဆိုင်ရာတွေနဲ့မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး၊စစ်ကောင်စီ ရေတပ်အရာရှိကြီးတွေအပါအဝင် မောင်တောခရိုင်မှထွေအုပ်အရာရှိကြီးတွေ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ လည်းပါဝင်သလိုမောင်တောခရိုင်မှထွေအုပ်အရာရှိကြီးတွေ၊လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ဌာနဆိုင်ရာဝန်ထမ်းတွေ၊မောင်တောခရိုင်မှကြံ့ဖွတ်ပါတီဝင်တွေလည်း လိုက်ပါသွားခဲ့ကြတာလို့ ဆိုကြပါတယ်။

အဲဒီလိုပို့ဆောင်ရာမှာ ငွေကြေးဘီလျံနဲ့ရှိပြီးရရှိခဲ့သလို မောင်တောခရိုင်မှစီးပွားရေးလုပ်ငန်းရှင်တွေ၊ကုမ္ပဏီပိုင် ရှင်တွေ၊ရွှေဆိုင်ပိုင်ရှင်တွေ၊စျေးဆိုင်ပိုင်ရှင်တွေ၊အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးငွေညှစ်တာတွေ ကလည်း ငွေကြေးပေါင်းသိန်းသောင်းချီရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း၊စစ်ကောင်စီတပ်ဌာန ဆိုင်ရာတွေ၊မွတ်ဆလင်အသိုင်းအဝိုင်းနဲ့မောင်တောခရိုင်နေပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီလိုလက်နက်ကိုင်အကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်ခဲ့သူတချို့ရဲ့ဓာတ်ပုံတွေ၊လက်ရှိရောက်ရှိနေတဲ့နေရာတွေ၊အတင်းအဓမ္မငွေညှစ်ခဲ့တဲ့အချက်အလက်တချို့ကို Border News Agency က လက်ခံရရှိထားပြီး နောက်ဆ က်တွဲသတင်းတွေအဖြစ် ဆက်လက်စုံစမ်းဖော်ထုတ်ရေးသားတင်ပြသွားပါမယ်။

အဲဒီမောင်တောခရိုင်ကို အပြီးသတ်တိုက်ခိုင်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်(AA)က မောင်တောမြို့ပေါ် နဲ့ မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက် နေပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ မြို့ပေါ်နေရာအများစုမှာ နေရာယူခုခံနေကြသ လို လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူ ပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောခရိုင်မှာ ရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင်အားငါးထောင်ခန့်ထိ စစ်ကော င်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို အကြမ်းဖက်မှုလုပ်ရပ်တွေကိုလည်း နေ့စဥ်ရက်ဆက် ကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-မောင်တောမြို့နယ်၊အလယ်သံကျော်ကမ်းခြေမှာစစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပုံ/ပုံ
ဟောင်း)

PrevPreviousနိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထား
Nextစစ်အာဏာရှင်တော်လှန်ရေးကို ရိုဟင်ဂျာတွေ နှောက်ယှက်ဖျက်ဆီးနေNext
Previous Post

နိုင်ငံအနှံ့က ရခိုင်လူမျိုးတွေကို စောင့်ကြည့်ဖို့ စစ်ဖက်ရေးရာလုံခြုံရေးကို တာဝန်ပေးထား

Next Post

စစ်အာဏာရှင်တော်လှန်ရေးကို ရိုဟင်ဂျာတွေ နှောက်ယှက်ဖျက်ဆီးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – နိဂုံး

November 19, 2025

ဆောမြို့မှာမူးယစ်ဆေးဝါးနဲ့တရားမဝင်ပစ္စည်းတွေဖမ်းဆီးရမိ

November 19, 2025

ကျပ်တရာ့နှစ်တယ်ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးတွေ စစ်ကော်မရှင်ဖမ်းမိ

November 19, 2025

စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားသုံးဦးအလင်းဝင်လာ

November 18, 2025

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – နိဂုံး

ဆောမြို့မှာမူးယစ်ဆေးဝါးနဲ့တရားမဝင်ပစ္စည်းတွေဖမ်းဆီးရမိ

ကျပ်တရာ့နှစ်တယ်ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးတွေ စစ်ကော်မရှင်ဖမ်းမိ

စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားသုံးဦးအလင်းဝင်လာ

ကျောက်ဖြူမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဦးသေဆုံး

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

Releated Post

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – နိဂုံး

November 19, 2025

ဆောမြို့မှာမူးယစ်ဆေးဝါးနဲ့တရားမဝင်ပစ္စည်းတွေဖမ်းဆီးရမိ

November 19, 2025

ကျပ်တရာ့နှစ်တယ်ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးတွေ စစ်ကော်မရှင်ဖမ်းမိ

November 19, 2025

စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားသုံးဦးအလင်းဝင်လာ

November 18, 2025

ကျောက်ဖြူမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးသုံးဦးသေဆုံး

November 18, 2025

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

November 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page