Border News Agency
ပဲခူး၊ ဇန်နဝါရီ ၉။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဆယ်ဦးသေဆုံးသွားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်က ဇန်နဝါရီ ၉ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရန်ကုန် ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာအနီးအနားမှာ စစ်ကော်မရှင်တပ် အင်အား ငါးဆယ်နဲ့ အခြေချတပ်စွဲထားတဲ့ ဂိတ်စစ်ကွင်းတာဆုံစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ အမှတ် ၂ စစ်ဆင်ရေးတပ်၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ ၂ ကွပ်ကဲမှုနဲ့ ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်၊ မနက် ၆ နာရီကျော်အချိန်ခန့်က တိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ နာရီပေါင်းလေးနာရီကျော်ကြာမြင့်ပြီးစစ်ကော်မရှင်တပ်မှ ဗိုလ်ကြီး တဦး၊ တပ်ကြပ်ကြီးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဦး အပါအဝင် ရဲဘော်နှစ်ဆယ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ အမှတ် ၂ စစ်ဆင်ရေးတပ်၊ ပဲခူးဗျူဟာ ၂ ကွပ်ကဲမှုနဲ့ မိမိတို့ အရှိုချင်းကာကွယ်ရေးတပ် ACDF တပ်ရင်း ၃ တို့က ပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၃ သာယာဝတီခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၂၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ Alphaစစ်ကြောင်း၊ Bravoစစ်ကြောင်း၊ တပ်ခွဲ ၃ ပကဖရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၂၊ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – ၃တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။








