Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၀။
စစ်ကော်မရှင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကို ဇန်နဝါရီလ ၉ ရက်၊မနေ့က ထွက်ခွာသွားခဲ့တယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ဟာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်ကနေ စတင်ပြုလုပ်မယ့် ကြားနာပွဲကိုတက်ရောက်ဖို့ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ကို ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်ပြီး မြန်မာကထွက်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတရားရုံးကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင်မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အပြင် ဇန်နဝါရီလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ နှစ်ကြိမ်လျှောက်လဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီးနယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ICJ တရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီးတတိယအကြိမ်ကြားနားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်ကရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့သတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီး လူအများအပြားကို နေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်ဆောင်ခဲ့တာကြောင့် ကုလသမဂ္ဂရဲ့လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗန်းရှင်းကိုချိုးဖောက်ခဲ့တာကြောင့် ဂမ်ဘီယာနိုင်ငံ ICJ မှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဒုတိယအကြိမ် ကြားနာပွဲလုပ်ပြီး မြန်မာကိုယ်စားလှယ်တက်ရောက်ခဲ့ပါတယ်။
အဲဒီကြားနာပွဲမှာ စစ်ခေါင်းဆောင်က ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲခွင့်မရှိတဲ့အကြောင်း ငြင်းဆိုခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။
အဲဒီကြားနာပွဲကိုလည်း စစ်ခေါင်းဆောင်ရဲ့ဝန်ကြီး ဦးကိုကိုလှိုင်ကတက်ရောက်လျောက်ထားခဲ့တာဖြစ်ပါတယ်။






