Border News Agency
တက္ကနာဖ်၊ ဇန်နဝါရီ ၁၁။
အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုကူညီပေးနေကြတဲ့ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ယာဉ်တန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီအကြမ်းဖက်အားပေးဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ယာဉ်တန်းကို ဇန်နဝါရီ လ ၁၁ ရက်၊ ဒီနေ့၊ နေ့လည်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ကျောက်ခဲတွေနဲ့ပစ်ခတ်လို့ နယ်ခြားစောင့်ယာဉ်တစီးပျက် စီးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
“ဘင်္ဂလာအစိုးရက အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်တွေကို ရခိုင်နယ်စပ်မှာမွေးစားထားတယ်။ အဲဒါကို ဘင်္ဂလာနိုင်ငံသားတွေက မကျေနပ်လို့ BGB ယာဉ်တန်းကို ကျောက်ခဲ့တွေနဲ့ပစ်တယ်။ ကားတစီးပြိုသွားတယ်။ BGB တွေက ထွက်ပြေးလာသူတွေကိုအဖမ်းပြတယ်။ ဒဏ်ရာရလာတဲ့သူတွေကို ဆေးကုသခွင့်ပေးထားတယ်။ ထွက်ပေးလာသူတွေမှာလည်းလက်နက်မပါကြဘူး။လက်နက်တွေကိုဝှက်ထားခဲ့ကြတယ်။”လို့ ဘင်္ဂလာနိုင်ငံသားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်၊ လိပ်ရ၊ ကွမ်းသီးပင်စတဲ့အုပ်စု၊ နတ်
မြစ်ကျွန်းထဲမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ပုန်းခိုနေထိုင်ပြီးအကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်တိုက်ခိုက်ရှင်းလင်းနေတာမို့ အကြမ်းဖက်သမားတွေဟာ သေဆုံးဒဏ်ရာရသူတွေများပြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြတာပါ။
အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ကူညီပေးနေကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ စိတ်ဆိုးဒေါသထွက်ပြစ်တင်ဝေဖန်နေကြပါတယ်။
အဲဒီအကြမ်းဖက်နှိမ်နင်းရေးကြောင့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ သေဆုံးသူတွေများပြားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုသေဆုံးဒဏ်ရာရသူတွေများတာမို့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အုပ်စုလိုက်ထွက်ပြေးနေကြပါတယ်။
အဲဒီအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ယူနေထိုင်ကြပြီး နယ်စပိဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူတာတွေမပြုလုပ်ကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနယ်စပ်ဖြတ်ကျော်ပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေငါးနေရာခန့်ကို တပြိုင်နက်တည်းဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်ဖို့ကြိုးစားလာကြတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်လာကြတာဟာ မနက်ဖြန်စတင်မယ့်အပြည်ပြည်ဆိုင်ရာတရားရုံ(ICJ)ကြားနာမှုအတွက် အချိန်ကိုင်လှုပ်ရှားလာကြတာဖြစ်ပြီး နောက်ကွယ်ကအမိန့်ပေးစေခိုင်းနေကြသူတွေရှိနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ရိုဟင်ဂျာအမည်ခံလက်နကိကိုင်အကြမ်းဖက်သမားအားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူပြီး အကြမ်းဖက်နှိမ်နင်းရေးတွေ အရေးပေါ်ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တောင်းဆိုနေကြပါတယ်။






