Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မောင်တောခရိုင် သတင်း အာရက္ခဒေသ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ICJ မှာစတင်ကြားနာ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ဇန်နဝါရီ ၁၂။

​ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီးကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားရုံး(ICJ)မှာ ဇန်နဝါရီလ ၁၂ ရက်၊ဒီနေ့၊ မြန်မာစံတော်ချိန်နေ့လည် ၃ နာရီ ၃၀ မိနစ်ကအရေးကြီးတဲ့ ကြားနာစစ်ဆေးမှုတွေ စတင်နေပါတယ်။

အဲဒီအမှုဟာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ဂမ်ဘီယာက၂၀၁၉ ခုနှစ်မှာ စတင်စွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ် ဖြတ်မှုတားဆီးရေးသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။

အဲဒီစစ်ဆင်ရေးတွေမှာမြန်မာစစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ အိမ်ထောင်ပေါင်းများစွာကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရိုဟင်ဂျာခုနှစ်သိန်းကျော်ဟာတဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုအသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီဒုက္ခသည်တွေဟာ စခန်းတွေထဲမှာ သောင်တင်နေရပြီး အကူအညီတွေ ဖြ တ်တောက်ခံရမှုကြောင့်အငတ်ဘေးနဲ့ ကြုံနေရသလို လက်နက်ကိုင်အ
ဖွဲ့တွေရဲ့ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုတွေအောက်မှာ အတိဒုက္ခရောက်နေကြရပါတယ်။

အဲဒီအမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာသွားရောက်ချေပခဲ့ပါတယ်။

အဲဒီတုန်းက မြန်မာစစ်တပ်ဟာလူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ဘဲ အကြ မ်းဖက်သမားတွေကိုသာ တိုက်ခိုက်ခဲ့တဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့် အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံထားရပြီး အမှုရဲ့အလှည့်အပြောင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

​မြန်မာဘက်ကတော့ ဂမ်ဘီယာဟာ ပဋိပက္ခမှာ တိုက်ရိုက်မပတ်သက်လို့တရားစွဲဆိုပိုင်ခွင့်မရှိဘူးဆိုပြီး ကန့်ကွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်  ၂၀၂၂ ခုနှစ်မှာတော့တရားသူကြီးတွေက ဒီကန့်ကွက်မှုကို ပယ်ချခဲ့ပြီး နှစ်နိုင်ငံစလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်ထားသူတွေ ဖြစ်တဲ့အတွက် အမှုကို ဆက်လက်စစ်ဆေးဖို့ ခွင့်ပြုခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်ဟာ အစ္စရေးအပေါ် တောင်အာဖရိကက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုထားတဲ့ အမှုအတွက်ပါ လမ်းစဖွင့်ပေးသလို ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

​မြန်မာနိုင်ငံရဲ့အမှုမှာ ထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပိုမိုကျယ်ပြန့်လာစေနိုင်တယ်လို့နိုင်ငံတကာဥပဒေကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။

အဲဒီတရားစွဲဆိုမှု လုပ်ငန်းစဉ်တွေဟာ နှစ်နဲ့ချီပြီး ကြာမြင့်နေပေမယ့် လည်း ဒါဟာ ကျူးလွန်ခံရသူတွေရဲ့နာကျင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုရာရောက်ပြီး တရားမျှတမှုအတွက် အလွန်အရေးကြီးတဲ့ မျှော်လင့်ချက်အလင်းရောင်ဖြစ်တယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကဆိုကြပါတယ်။

ICJ ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ရင်နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရဲ့စုံစမ်းစစ်ဆေးမှုတွေကို ပိုပြီး အရှိန်ရလာစေမှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စတွေမှာ ဒီကြားနာမှုရလဒ်ဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ သက်သေအထောက်အထား ဖြစ်လာနိုင်တာကြောင့် ကမ္ဘာက စောင့်ကြည့်နေရတဲ့အမှုဖြစ်ပါတယ်။

PrevPreviousထားဝယ်မြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့်ကလေးတဦးသေဆုံး
Next​နို့တကောမှာ လူထုနှစ်ထောင်ကျော်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြNext
Previous Post

ထားဝယ်မြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့်ကလေးတဦးသေဆုံး

Next Post

​နို့တကောမှာ လူထုနှစ်ထောင်ကျော်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

March 4, 2026

အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၄ ဦးသေဆုံးတယ်လို့ပင်တဂွန်အတည်ပြု

March 4, 2026
Photo- GEM

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

March 4, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၄ ဦးသေဆုံးတယ်လို့ပင်တဂွန်အတည်ပြု

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

Releated Post

အာရက္ခတပ်တော်ဒုတပ်ချုပ်မွေးနေ့မှာ သူပုန်ဖြူအဖွဲ့မဲဖောက်ပေး

March 4, 2026

အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၄ ဦးသေဆုံးတယ်လို့ပင်တဂွန်အတည်ပြု

March 4, 2026
Photo- GEM

မောင်တောမှာ ငါးနှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေး

March 4, 2026

​ဖောင်းပြင်မှာ စစ်ကော်မရှင်တပ်ကြပ်တဦး လက်နက်နဲ့အလင်းဝင်

March 4, 2026

အီရန် ရေနံသိုလှောင်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 4, 2026

စစ်ကော်မရှင်ရဲ့​လွတ်ငြိမ်းခွင့်မှာ အမည်ပါပေမယ့်မလွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေ

March 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page