Border News Agency
ရေး၊ ဇန်နဝါရီ ၁၃။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ စစ်ကော်မရှင်တပ်ရင်းတွေက တပ်ဖွဲ့ဝင်သုံးဦးအလင်းဝင်လာတယ်လို့ ရေးပြောက်ကျားတပ် (YGF) မှ ဇန်နဝါရီလ ၁၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီထဲကတပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၁၀ ရက်နေ့က အလင်းဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှာလည်း မွမ်းမံသင်တန်းကတပ်သားတဦး ဗျူဟာတခုကတဆင့် YGF ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ကျော်ဇင်ကို၊ ဝင်းမိုးကျော်နဲ့ သန့်ထွေးအောင်တို့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ခြောက်လက စစ်ကော်မရှင်တပ်ဆီအတင်းအဓမ္မ စစ်သားစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး ဝဲကလိစစ်သင်တန်းကျောင်းက သင်တန်းဆင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်သားတွေအနေနဲ့ အတင်းအဓမ္မစစ်မှုထမ်းနေမယ့်အစား ပြည်သူ့ဘက်ကိုအမြန်ဆုံးကူးပြောင်းပြီး တော်လှန်ရေးမှာပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။






