Border News Agency
သည်ဟိဂ်၊ ဇန်နဝါရီ ၁၄။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ အခြေအမြစ်မရှိဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံနဲ့ ပြည်သူ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် တဖက်သတ်အစီရင်ခံစာတွေဟာ အမှန်တရားမဟုတ်တာကို တရားရုံးကိုပြသသွားမယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေအပြီး လာမယ့် ဇန်နဝါရီ ၁၆ ရက်ကစလို့ စွပ်စွဲချက်တွေမှန်ကန်မှုမရှိကြောင်း သက်သေအထောက်အထားတွေနဲ့ ပြန်လည်လျှောက်လဲသွားမှာပါ။
အဲဒီအပြင် တရားရုံးအနေနဲ့ ဥပဒေမူဘောင်တွေအတိုင်း အချက်အလက်မှန်ပေါ်အခြေခံပြီး တရားမျှတစွာဆုံးဖြတ်ပေးဖို့လည်း စစ်ကော်မရှင်ဘက်က တောင်းဆိုထားပါတယ်။
သည်ဟိဂ်မြို့မှာ ဇန်နဝါရီ ၁၂ ရက်က ပြန်လည်စတင်တဲ့ကြားနာမှုအတွင်း ဂမ်ဘီယာရှေ့နေကတော့ မြန်မာစစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုမှာ သီတဂူဆရာတော်နဲ့ ဦးဝီရသူတို့လို အစွန်းရောက်ဘုန်းကြီးတွေရဲ့ အမုန်းစကားတွေပါဝင်နေကြောင်း သက်သေအဖြစ်တရားရုံးကို တင်သွင်းခဲ့ပါတယ်။
အဲဒါကြောင့် ICJ မှာ ခုခံချေပဖို့အတွက် စစ်ကော်မရှင်ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးကို စေလွှတ်ထားပြီး ကြားနာမှုတွေကို ဇန်နဝါရီ ၂၉ ရက်အထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။






