Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်း ပစ်ခတ်နေ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်း ပစ်ခတ်နေ
Border News Agency
မောင်တော၊စက်တင်ဘာ ၉။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းပစ်ခတ်တာတွေပြုလုပ်နေပြီး လေကြောင်းကို အဓိကအသုံးပြုခုခံနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေကို အာရက္ခတပ်တော်(AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာ တည်ရှိတဲ့အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကို ဝိုင်းရံပိတ်ဆို့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအသုံးပြုခုခံနေသလို ကြေးရေလေပူးပေါင်းပစ်ခတ်တာတွေ ပြန်လည်ပြုလုပ်နေပြီး သြဂုတ်လ ၉ ရက်၊ဒီနေ့ စစ်ကောင်စီရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးပစ် ခတ်တာတွေ ကျေးရွာတွေမှာကျရောက်ခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”နေဗီကလက်နက်ကြီးတွေပစ်တာရွာမှာကျပါတယ်။လေယာဥ်ကတော့နေ့တိုင်းလာပါတယ်။နေ့တိုင်းပစ်နေပါတယ်။ခုက ရေတပ်ကပါ ပြန်လာပစ်နေတာပါ။ကြေးရေလေပူးပေါင်းပစ်တာတွေ ပြန်လုပ်နေပါတယ်။”လို့ မောင်တော မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်အနီးရှိ ပင်လယ်ပြင်ထဲမှစစ်ကောင်စီရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာတွေ ကိုင်းကြီးကျေးရွာထဲမှာကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မေးမြန်းအတည်ပြုနေပါတယ်။
အာရက္ခ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၊မောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ရေးစစ်ပွဲဟာ အချိန်ဆယ်လနီးပါးထိကြာနေတာကို အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်တွေကို လေ့လာဆန်းစစ်ချက်တွေအရတွေ့ ရပါတယ် ။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာ နချုပ်လက်အောက်ခံ၊စစ်တွေအ ခြေစိုက်အမှတ် ၂၃၂ ခြေလျင်တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အာရက္ခတပ်တော်(AA)တို့ကြား မောင်တော မြို့ နယ်၊သင်္ဘောလှရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်မှဒု-စစ်ကြောင်းမှူးကျော်သက်နိုင်အပါအဝင် ၁၄ဦးခန့်သေဆုံးကာစစ်သုံ့ပန်းတစ်ဦး၊လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလိုဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုတွေကို ပိုမိုပြုလုပ်လာနေပြီး ဒီနေ့လည်း အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေပြုလု ပ်နေသလို ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့တာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”လေယာဥ်တွေအများကြီးနဲ့လာပစ်နေတာပါ။တပြိုင်တည်းနှစ်စီး၊သုံးစီးလာပစ်ပါတယ်။နေဗီကလည်း လက်နက်ကြီးတွေ ပြန်ပစ်နေပါတယ်။”လို့ နောက်ထပ်မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက် ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သြဂုတ်လ၂၉ ရ က်နေ့က ထုတ်ပြန်ပြီး တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်အမျိုးအစားအစုံအသုံးပြုဗုံးကြဲပစ်ကူပေးခုခံနေသလို လေကြောင်းအသုံးပြုပြီးလေထီးတွေနဲ့လက်နက်ရိက္ခာတွေလည်း ဖြည့်တင်းပေးနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(R SO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်အကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီး ကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံနေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီအသုံးပြုခုခံနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို ကျောက်မာတွေအသုံးပြုပြီးခံစစ်အခိုင်အမာပြုလုပ်ခုခံနေသလိုတပ်စခန်းပတ်ပတ်လည်လည်မှာ မြေမြုပ်မိုင်းတွေ အပြည့်ထောင်ထားတာမို့ အာရက္ခတပ်တော်(AA)က အနီးကပ်ဝင်ရောက်ထိုးစစ်ဆင်ဖို့ကြိုးစားနေရတုန်းပဲလို့လည်း မောင်တောဒေသတွေက ဆိုကြပါတယ်။
”ရခိုင်မှာတိုက်ပွဲတွေစကတည်းကအောင်မင်္ဂလာရွာဖက်ကကျောက်မာတွေနဲ့ဒရုန်းဗုံး၊လက်နက်ကြီးဒဏ်တွေခံနိုင်အောင်အခိုင်အမာတည်ဆောက်ထားတာပါ။နောက်ပြီးခြံပတ်ပတ်လည်မှာလည်းမိုင်းတွေအပြည့်ထောင်ထားပါတယ်။ကာပါကင်း၊ပစ်ကျင်းတွေကိုလည်းလူတရပ်ထိတူးပြီးကျောက်အမာတွေကားထားလို့တပ်တော်ကထိုးဖောက်ဝင်ပြီးဖို့ကြိုးစားနေရပါတယ်။”လို့ နောက်ထပ်မောင်တောမြို့ခံတစ်ဦးကBorder News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(သို့) မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အဖြစ်သတ်မှတ် ပြီး အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး(သို့)မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ခုခံနေတာလို့ စစ်ကောင်စီတပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်
အဲဒီတပ်ရင်းအနီးအနားရှိမောင်တောခရိုင်တရားရုံး၊မောင်တောခရိုင်ကျန်းမာရေဌာန၊လူမှုဝန်ထမ်းဌာနအဆောက်အအုံနေရာတွေအပါအဝင် မောင်တောခရို င်လျှပ်စစ်ရုံးနေရာတွေထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချခုခံနေ ကြတာလို့ ဆိုကြပါတယ်။
အဲဒီနေရာတွေအပါအဝင်မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေအပါအဝင် စစ်တွေမြို့နယ်အခြေစိုက်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံ၊ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတဲ့အမှတ် ၂၆၃ ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၂၂)တပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်မွတ်ဆလင်လက် နက်ကိုင်တွေပူးပေါင်းခုခံနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီမောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးမှသာ မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA)က အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်သလို အာရက္ခ-ဘင်္ဂလားနယ်စပ် ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ပြီးနယ်စပ်ကုန်သွယ်ရေး၊သံတမန်ဆက်ဆံရေးတွေကိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့အဝင်၊မြို့သူကြီးရှိအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်း /BNA)
PrevPreviousမောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ
Nextပေါက်တောမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရNext
Previous Post

မောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ

Next Post

ပေါက်တောမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page