Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်း ပစ်ခတ်နေ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်း ပစ်ခတ်နေ
Border News Agency
မောင်တော၊စက်တင်ဘာ ၉။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့နယ်ကို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းပစ်ခတ်တာတွေပြုလုပ်နေပြီး လေကြောင်းကို အဓိကအသုံးပြုခုခံနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေကို အာရက္ခတပ်တော်(AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာ တည်ရှိတဲ့အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းကို ဝိုင်းရံပိတ်ဆို့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအသုံးပြုခုခံနေသလို ကြေးရေလေပူးပေါင်းပစ်ခတ်တာတွေ ပြန်လည်ပြုလုပ်နေပြီး သြဂုတ်လ ၉ ရက်၊ဒီနေ့ စစ်ကောင်စီရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးပစ် ခတ်တာတွေ ကျေးရွာတွေမှာကျရောက်ခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”နေဗီကလက်နက်ကြီးတွေပစ်တာရွာမှာကျပါတယ်။လေယာဥ်ကတော့နေ့တိုင်းလာပါတယ်။နေ့တိုင်းပစ်နေပါတယ်။ခုက ရေတပ်ကပါ ပြန်လာပစ်နေတာပါ။ကြေးရေလေပူးပေါင်းပစ်တာတွေ ပြန်လုပ်နေပါတယ်။”လို့ မောင်တော မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်အနီးရှိ ပင်လယ်ပြင်ထဲမှစစ်ကောင်စီရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာတွေ ကိုင်းကြီးကျေးရွာထဲမှာကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မေးမြန်းအတည်ပြုနေပါတယ်။
အာရက္ခ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၊မောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ရေးစစ်ပွဲဟာ အချိန်ဆယ်လနီးပါးထိကြာနေတာကို အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်တွေကို လေ့လာဆန်းစစ်ချက်တွေအရတွေ့ ရပါတယ် ။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာ နချုပ်လက်အောက်ခံ၊စစ်တွေအ ခြေစိုက်အမှတ် ၂၃၂ ခြေလျင်တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အာရက္ခတပ်တော်(AA)တို့ကြား မောင်တော မြို့ နယ်၊သင်္ဘောလှရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်မှဒု-စစ်ကြောင်းမှူးကျော်သက်နိုင်အပါအဝင် ၁၄ဦးခန့်သေဆုံးကာစစ်သုံ့ပန်းတစ်ဦး၊လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလိုဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုတွေကို ပိုမိုပြုလုပ်လာနေပြီး ဒီနေ့လည်း အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေပြုလု ပ်နေသလို ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့တာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”လေယာဥ်တွေအများကြီးနဲ့လာပစ်နေတာပါ။တပြိုင်တည်းနှစ်စီး၊သုံးစီးလာပစ်ပါတယ်။နေဗီကလည်း လက်နက်ကြီးတွေ ပြန်ပစ်နေပါတယ်။”လို့ နောက်ထပ်မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက် ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သြဂုတ်လ၂၉ ရ က်နေ့က ထုတ်ပြန်ပြီး တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်အမျိုးအစားအစုံအသုံးပြုဗုံးကြဲပစ်ကူပေးခုခံနေသလို လေကြောင်းအသုံးပြုပြီးလေထီးတွေနဲ့လက်နက်ရိက္ခာတွေလည်း ဖြည့်တင်းပေးနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(R SO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်အကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီး ကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံနေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီအသုံးပြုခုခံနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို ကျောက်မာတွေအသုံးပြုပြီးခံစစ်အခိုင်အမာပြုလုပ်ခုခံနေသလိုတပ်စခန်းပတ်ပတ်လည်လည်မှာ မြေမြုပ်မိုင်းတွေ အပြည့်ထောင်ထားတာမို့ အာရက္ခတပ်တော်(AA)က အနီးကပ်ဝင်ရောက်ထိုးစစ်ဆင်ဖို့ကြိုးစားနေရတုန်းပဲလို့လည်း မောင်တောဒေသတွေက ဆိုကြပါတယ်။
”ရခိုင်မှာတိုက်ပွဲတွေစကတည်းကအောင်မင်္ဂလာရွာဖက်ကကျောက်မာတွေနဲ့ဒရုန်းဗုံး၊လက်နက်ကြီးဒဏ်တွေခံနိုင်အောင်အခိုင်အမာတည်ဆောက်ထားတာပါ။နောက်ပြီးခြံပတ်ပတ်လည်မှာလည်းမိုင်းတွေအပြည့်ထောင်ထားပါတယ်။ကာပါကင်း၊ပစ်ကျင်းတွေကိုလည်းလူတရပ်ထိတူးပြီးကျောက်အမာတွေကားထားလို့တပ်တော်ကထိုးဖောက်ဝင်ပြီးဖို့ကြိုးစားနေရပါတယ်။”လို့ နောက်ထပ်မောင်တောမြို့ခံတစ်ဦးကBorder News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(သို့) မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အဖြစ်သတ်မှတ် ပြီး အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး(သို့)မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ခုခံနေတာလို့ စစ်ကောင်စီတပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်
အဲဒီတပ်ရင်းအနီးအနားရှိမောင်တောခရိုင်တရားရုံး၊မောင်တောခရိုင်ကျန်းမာရေဌာန၊လူမှုဝန်ထမ်းဌာနအဆောက်အအုံနေရာတွေအပါအဝင် မောင်တောခရို င်လျှပ်စစ်ရုံးနေရာတွေထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချခုခံနေ ကြတာလို့ ဆိုကြပါတယ်။
အဲဒီနေရာတွေအပါအဝင်မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေအပါအဝင် စစ်တွေမြို့နယ်အခြေစိုက်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံ၊ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတဲ့အမှတ် ၂၆၃ ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊ကရင်ပြည်နယ်၊ဘားအံမြို့နယ်အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၂၂)တပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်မွတ်ဆလင်လက် နက်ကိုင်တွေပူးပေါင်းခုခံနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီမောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးမှသာ မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA)က အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်သလို အာရက္ခ-ဘင်္ဂလားနယ်စပ် ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ပြီးနယ်စပ်ကုန်သွယ်ရေး၊သံတမန်ဆက်ဆံရေးတွေကိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့အဝင်၊မြို့သူကြီးရှိအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်း /BNA)
PrevPreviousမောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ
Nextပေါက်တောမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရNext
Previous Post

မောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ

Next Post

ပေါက်တောမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ့်ခုနှစ်ဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

Releated Post

​ကွတ်ခိုင်ဒေသစစ်ရေးပဋိပက္ခအတွက် TNLA မှာ တာဝန်ရှိတယ်လို့ MNDAA ဆို

March 14, 2026
Photo - KNU

စစ်တပ်ရဲ့ တောင်ယာကမ်းစခန်းကို ကရင်တော်လှန်ရေးတပ်တိုက်ခိုက်သိမ်း

March 14, 2026

မြန်မာအမျိုးသမီးဆယ်သန်းကျော်အကူအညီတွေ အရေးပေါ်လိုအပ်နေ

March 14, 2026

ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခအစိုးရသတိပေး

March 14, 2026

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံတင်မကဘဲပဋိပက္ခဇာစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဆို

March 14, 2026

အရှေ့အလယ်ပိုင်းသို့အမေရိကန် နာဗီတပ်ဖွဲ့ဝင် ၂,၅၀၀ နဲ့ သင်္ဘောအုပ်စုစေလွှတ်

March 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page