Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၁၇။
ICJ မှာဂမ်ဘီယာဘက်ကတင်ထားတဲ့ စွပ်စွဲချက်တွေဟာ ဖြစ်ရပ်မှန်တွေနဲ့မဆိုင်ဘဲ ဘက်လိုက်နေတဲ့သတင်းရင်းမြစ်တွေပေါ်မှာပဲအခြေခံထားတယ်လို့ စစ်ကော်မရှင်က ပြန်လည်ချေပလိုက်ပါတယ်။
ဂမ်ဘီယာဟာ ယုံကြည်စိတ်ချရမှုမရှိတဲ့ FFM အဖွဲ့ရဲ့၂၀၁၈ ခုနှစ်အစီရင်ခံစာတွေကိုပဲတောက်လျှောက်ကိုးကားနေတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တင်ပြထားတဲ့သက်သေတွေဟာလည်း အတည်မပြုနိုင်တဲ့ တဆင့်စကား တွေသာဖြစ်နေတာမို့ အမှုအတွက် ခိုင်မာမှုမရှိဘူးလို့ ဆိုပါတယ်။
အဲဒါတွေဟာ ဘယ်သူထွက်ဆိုမှန်းတောင် မသိရတဲ့ စကားတွေကိုအမှန်တရားလိုမျိုး တရားရုံးက လက်ခံပေးဖို့ တောင်းဆိုနေတာဟာ တရားမျှတမှု မရှိဘူးလို့ဆိုတယ်။
အဲဒီအပြင် တဖက်မှာလည်း ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ထဲမှာ NGO အဖွဲ့ဝင်တွေပါနေတာ ရှေ့နေနဲ့ သက်သေတွေကို အတူတူထားတာမျိုးတွေဟာ တရားစီရင်ရေးရဲ့ ရိုးသားဖြောင့်မတ်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ လိုက်နာရမယ့် အခြေခံလိုအပ်ချက်တွေကိုတောင် ပြည့်မီအောင် မလုပ်နိုင်တာဟာ စိတ်မကောင်းစရာပဲလို့လည်း ဦးကိုကိုလှိုင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။






