Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
သတင်း

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်
Border News Agency
မောင်တော၊စက်တင်ဘာ ၁၄။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ၊အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းတချို့ဟာ လုပ်ပိုင်ခွင့်အာဏာကို အ လွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ယူသုံးတာတွေ ပြုလုပ်နေကြတာမို့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၁၃ ရက်၊မနေ့က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့ဝင်အားလုံးကို တိုက်ပွဲတွေအတွင်း လိုက်နာကျင့်သုံးရမယ့် အာရက္ခစစ်သည်တော်ကျင့်ဝတ်တွေ၊ပြည်သူလူထု၊ပြည်သူ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် ဝတ္တရားတွေကို တိကျစွာပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ယူသုံးနေကြတာတွေ၊တော်လှန်ရေးနဲ့အဖွဲ့အစည်းကိုအသုံးချပြီးကိုယ်ကျိုးစီးပွားရှာပြုလုပ်နေကြတဲ့အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာကို ကြိုဆိုလက်ခံပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခတပ်တော်(AA) တပ် ဖွဲ့ဝင်တွေ၊ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်(ULA)အဖွဲ့ဝင်တွေ၊အုပ်ချုပ်ရေး၊တရားစီ ရင်ရေးတာဝန်ရှိသူတွေလည်း တော်လှန်ရေးနဲ့အဖွဲ့အစည်းကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြတာတွေ၊အာဏာပါဝါပြတာတွေကို မပြုလုပ်သင့်ဘူးလို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”နှစ်လုံးဖြစ်ဖြစ်၊သုံးလုံးဖြစ်ဖြစ် အဖွဲ့အစည်းကို အသုံးချပြီးကိုယ်ကျိုးမရှာသင့်ပါဘူး။ပြည်သူလူထုကိုအာဏာပါဝါပြတာတွေလည်းမလုပ်သင့်ပါဘူး။ပြည်သူ လူထုကလည်းဘက်လိုက်တာတွေ၊လာဒ်ပေးတာတွေ မပြုသင့်ပါဘူး။တိုင်းပြ ည်တည်ဆောက်ရေးအတွက်အကျင့်ပျက်သူတိုင်းကိုအရေးယူမှာကိုကြိုဆိုပါတယ်။”လို့ ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ အာရက္ခဒေသကမြို့အများစုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်တဲ့မြို့တွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း တပြိုင်တည်းလုပ်ဆောင်နေပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာဒေသခံပြ ည်သူလူထုဟာ ဆိုင်ကယ်၊ကား၊မီးခံသေ တ္တာ၊ရွှေ၊ငွေတချို့လည်း တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတာတွေ၊ပျောက်ဆုံးမှုတွေရှိကြတာတွေကို စိတ်မကောင်းဖွယ်ကြားသိရပါတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆိုပါတယ်။
အဲဒီအပြင် ဒေသခံပြည်သူတချို့ရဲ့ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေဟာ တိုက်ပွဲတွေ၊တိုက်ပွဲတွေပြီးဆုံးတဲ့ အချိန်တွေမှာ ပျောက်ဆုံးမှုတွေရှိခဲ့တာကို ကာယ ကံရှင်တွေရဲ့တိုင်တန်းချက်တွေ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ထော က်လှမ်းရေးအဖွဲ့တွေရဲ့စုံစမ်းစစ်ဆေးချက်တွေအရ သိရှိလာရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ခိုးမှုတွေကိုကျူးလွန်ခဲ့သူတွေကို သေချာစုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့တယ်လို့ ထင်ရှားသူတွေကို ထိုက်တန်တဲ့အပြစ်တွေပေးပြီးအရေးယူထားပြီးဖြစ်သလို ခိုးယူထားတဲ့ပစ္စ ည်းတွေကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်တွေလက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ် တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိ န်းချုပ်နယ်မြေတွေမှာဖောက်ထွင်းခိုးယူခံထားရတာတွေ၊ပျောက်ဆုံးတဲ့ ပစ္စည်းတွေကို ရှာဖွေဖမ်းဆီးပြီးပြန်လည်စီစစ်ကာ ပိုင်ရှင်အမှန်တွေဆီပြန်လည်လွှဲပြောင်းပေးတာတွေကို တရားဝင်လူသိ ရှင်ကြားပြုလုပ်ပေးရင်း ပြည်သူလူထု ပိုမိုအားကိုယုံကြည်လာပြီးတရားဥပဒေစိုးမိုးရေးလည်း ပိုမိုကောင်းမွန်လာမယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”မောင်တောကဆိုင်ကယ်တွေကို ခိုးယူပြီးကျောက်တော်ထိသွားရောက်ကြတာတွေကိုမြင်နေရပါတယ်။ကျမတို့ ဆိုင်ကလည်း ဆိုင်ကယ်အားလုံးကိုခိုးယူသွား ပါတယ်။ကျမတို့က ဘယ်သူတွေခိုးယူသွားတာလည်းသိပေမယ့် ကြောက်လို့မပြောရဲတာပါ။အဲဒါတွေကိုပြန်လည်စစ်ဆေးပြီးပြန်ပေးစေချင်ပါတယ်။”လို့ မောင်တောမြို့ပေါ်မှ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအပြင် မပြီးပြတ်သေးတဲ့ပျောက် ဆုံးမှုတွေကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး တချို့နေရာတွေမှာ ပိုင်ရှင်တွေဝှက်ထားခဲ့တဲ့ ရွှေ၊ငွေ အဖိုးတန်ပစ္စည်းတွေကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်တွေလက်ထဲသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်တယ်လို့ ဓာတ်ပုံနဲ့ တကွထုတ်ပြန်ပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေရဲ့အ ဖိုးတန်ပစ္စည်းတွေ၊ရွှေ၊ငွေ၊လက်ဝတ်ရ တနာတွေဟာ တိုက်ပွဲအတွင်း ရှာဖွေမရအောင်ပျက်စီးဆုံးရှုံးသွားတာမျိုးမဟု တ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့တာ၊ဝှက်ထားခဲ့တဲ့ပစ္စည်းတွေကို တွေ့ရှိခြင်းမရှိပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သက်ဆိုင်ရာဒေသ၊နယ်မြေအုပ် ချုပ်ရေးမှူးတွေကို မှန်မှန်ကန်ကန်သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA )ဟာ ရှေ့ဆောင်ပါတီအဖြစ် ဦးဆောင်ပြီး တပြည်ထောင်စနစ်(Unitary State Sys tem)နဲ့အုပ်ချုပ်မှာဖြစ်သလို အာရက္ခတပ်တော်(AA)ကတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA )ရဲ့ထိန်းချုပ်မှုအောက်မှာရှိမယ်လို့ အာရက္ခတပ်တော်တပ်မှူးချုပ်ထွန်းမြတ်နိုင်က The Diplomat သို့ ဖြေဆိုထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိ န်းချုပ်အုပ်ချုပ်နေတဲ့နေရာတွေမှာ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တချို့၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA )တချို့၊နယ် မြေမှူးတချို့အပါအဝင်အုပ်ချုပ်ရေး၊တရားစီးရင်ရေးတာဝန်ရှိသူတချို့ဟာ အာ ဏာပါဝါပြကိုယ်ကျိုးရှာနေကြသလို ပြည်သူလူထုကို ထိပါးစော်ကားမှုတွေပြု လုပ်နေကြတာမို့ စစ်ဆေးအရေးယူတာတွေပြုလုပ်ပေးဖို့ အာရက္ခပြည်သူတွေ တောင်းဆိုနေကြပါတယ်။
(ဓာတ်ပုံ-အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်အုပ်ချုပ်မှုနေရာ /BNA)
PrevPreviousပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနကို တပ်ဖွဲ့ဝင်အသစ်တွေနဲ့ဖွဲ့စည်းမယ်
Nextပြည်သူတွေရဲ့ပျောက်ဆုံးပစ္စည်းတွေကို မှန်မှန်ကန်ကန် သတင်းပေးကြဖို့ အာရက္ခပြည်သူ့အစိုးရတိုက်တွန်းNext
Previous Post

ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနကို တပ်ဖွဲ့ဝင်အသစ်တွေနဲ့ဖွဲ့စည်းမယ်

Next Post

ပြည်သူတွေရဲ့ပျောက်ဆုံးပစ္စည်းတွေကို မှန်မှန်ကန်ကန် သတင်းပေးကြဖို့ အာရက္ခပြည်သူ့အစိုးရတိုက်တွန်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page