Border News Agency
တအာင်း၊ ဇန်နဝါရီ ၂၀။
တအာင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားနဲ့စစ်သုံ့ပန်းတရာ့နှစ်ဆယ်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ တအာင်းတပ်မတော်က ဇန်နဝါရီလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၆၃ နှစ်ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ PSLF/TNLA က အကျဉ်းသားဆယ့်ငါးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ငါးဆယ်ငါးဦးကိုပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအကျဉ်းသားတွေဟာ တအာင်းပြည်အတွင်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရသူတွေဖြစ်ပြီး PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့လက်မှတ်နဲ့ လွှတ်ငြိမ်းခွင့်ပေးခဲ့တာပါ။
အဲဒီအပြင်ထောင်ဒဏ်လပိုင်းပဲ လိုတော့တဲ့သူတွေကိုလွှတ်ပေးခဲ့သလို နှစ်ရှည်ကျနေသူတွေကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာလို့ဆိုပါတယ်။
နောက်ပြီးတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် တိုက်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတရာ့တဆယ့်တဦးကိုလည်း PSLF/TNLA က လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။






