Border News Agency
ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ ၂၁။
ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမျိုးသမီးတဦးကို စစ်ကော်မရှင်တပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix – Special Warfare Force မှ ဇန်နဝါရီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအင်းဆိပ်ကြီးမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာနေအသက်လေးဆယ်တနှစ်အရွယ် မခင်ဝိုင်းဟာ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်မှာ သူရဲ့ရာဘာခြံထဲ ရာဘာခြစ်နေစဉ်အတွင်း စစ်ကော်မရှင်တပ်ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရပါ။
အဲဒီပစ်ခတ်တာကို စစ်ကော်မရှင်တပ်ရဲ့ခလရ–၂၈၄ တပ်ရင်းက တပ်သားတွေလုပ်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ပြည်သူတဦးကိုရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာဟာ ရက်စက်ယုတ်မာမှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုကြပါတယ်။
Phoenix – Special Warfare Force ဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်တပ်ကိုအဆုံးထိ ဆက်တော်လှန်သွားမှာဖြစ်သလို ပြည်သူတွေလည်း စစ်တပ်ရဲ့အတုအယောင် ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။






