Border News Agency
ပလက်ဝ၊ ဇန်နဝါရီ၃၁။
ပလက်ဝမြို့နယ်၊ စေတီပြင်သောင်နားမှာ ဇန်နဝါရီလ ၃၀ ရက်၊ မနေ့က စက်လှေချင်းတိုက်မိရာမှမီးလောင်မှုဖြစ်ပွားခဲ့လို့ အမျိုးသားတဦးဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီပလက်ဝမြို့နယ်၊ စေတီပြင်ရွာမှ က်လှေမောင်းသူ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကိုစိုးမြင့်ဖြစ်ပါတယ်။
ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝရွာမှဦးဘအေးရဲ့ မုန့်ဖာတင်လာတဲ့စက်လှေဟာ စေတီပြင်သောင်မှာသောင်တင်နေပြီး တွန်းချနေချိန်ချောင်းအထက်ဘက်မှ ဓာတ်ဆီပေပါတင်ပြီးဆင်းလာတယ်လို့ ဆိုပါတယ်။
အဲဒီအချိန် ကျောက်တော်မြို့နယ်၊ (ပီချောင်း) လိပ်ကန်ရွာမှ ဦးမောင်မြင့်စိုးရဲ့စက်လှေဟာ အရှိန်မထိန်းနိုင်ဘဲ ဦးဘအေးစက်လှေကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုစက်လှေတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဦးမောင်မြင့်စိုးရဲ့ စစ်လှေနဲ့တင်လာတဲ့ ဆီပေပါတွေက ဆီတွေပန်းထွက်လာပြီး စက်လှေနှစ်စီးလုံးမီးလောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုအတွင်း ဦးဘအေးရဲ့ စက်လှေကို မောင်းလာသူကိုစိုးမြင့်မှာ မျက်နှာနဲ့လက်နှစ်ဖက်လုံးမှာ မီးဟပ်သွားပြီး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒဏ်ရာရသူကိုစိုးမြင့်မှာ ဆေးကုသမှုခံယူနေပြီး စက်လှေတိုက်မှုနဲ့ပတ်သတ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။






