Border News Agency
ကရင်နီပြည်၊ ဖေဖော်ဝါရီ ၆ ။
ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲလမ်းမကြီးနဲ့ လမ်းသွယ်အားလုံးကို စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၆ ရက်၊ ဒီနေ့ကစပြီး လုံးဝအသုံးမပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို – ထားလဲ လမ်းပိုင်းနဲ့ နန်းဖဲရွာဘက်ကို စစ်ကြောင်းထိုးလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အဲဒီလို တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ အများပြည်သူသွားလာနေတဲ့လမ်းကြောင်းတွေနဲ့ နီးစပ်နေတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းတွေကို လုံးဝမဖြတ်သန်းကြဖို့ KNDF က အထူးမေတ္တာရပ်ခံထားပါတယ်။
အဲဒီလမ်းပိုင်းတွေကို မြေပြင်စစ်ရေးအခြေအနေအရ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့လည်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။






