Border News Agency
လယ်ဒို၊ ဖေဖော်ဝါရီ ၇။
လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။
တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။
အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။






