စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ဖေဖော်ဝါရီလ ၇ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊မနက် ၇ နာရီခန့်အချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ နမခမှ ထွက်လာတဲ့စစ်ကြောင်းကို နမခ အနီးမှာတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးထက်သေဆုံးပြီး MA1 တလက်၊ MA11 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) ၊ Black Falcon ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၃၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် ၅ ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။






