အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အဖွဲ့ထံဆက်သွယ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ကချင်ပြည်၊တနိုင်းမြို့နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးနဲ့ ရှမ်းပြည်၊ဖယ်ခုံမြို့နယ်ကနှစ်ဦးတို့ဟာဖေဖော်ဝါရီလ၁ ရက်နေ့ကသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း မွန်ပြည်၊ကျိုက်ထိုမြို့နယ်ကနှစ်ဦး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အံဒီအလင်းဝင်လာသူတွေနဲ့အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေပါရှိလာပြီး လက်ရှိမှာ အဲဒီလက်နက်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ဆိုပါတယ်။
အဲဒီအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ရဲ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ပူးပေါင်းတာ ဒါမှမဟုတ် မိဘတွေဆီ ပြန်ပို့ပေးတာတွေကိုတာဝန်ရှိသူတွေက အကောင်းဆုံးစီစဉ်ပေးနေတယ်လို့ဆိုပါတယ်။











