Border News Agency
စစ်တွေ၊ ဖေဖော်ဝါရီ ၉။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေက မီးလောင်နေပါတယ်။
အဲဒီမီးလောင်မှုဟာ ဘယ်ကစတင်လောင်ကျွမ်းသွားသလဲဆိုတာမသိရှိရပေမယ့် လေယာဉ်ကွင်းဝင်ရှိနေရာအများစုမီးလောင်သွားတယ်လို့ ဆိုကြပါတယ်။
အဲဒီလေယာဉ်ကွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားရှိနေပေမယ့် မီးငြိမ်းသတ်မယ့်သူမရှိဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။






