Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး လူ့အခွင့်အရေး သတင်း

ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၅

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
14
VIEWS
Share on FacebookShare on Twitter

အကယ်၍ ULA/AA ဘက်မှ လူ့အခွင့်အရေးချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း စသည့် စွပ်စွဲချက္များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက်မှုများ ရှိသွားနိုင်ပါသနည်း။ 

မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံအကြား (ICJ) တွင် ရင်ဆိုင်နေရသော အမှုနှင့်ပတ်သက်၍ အမှု၏ အဓိကအချက်အလက်များ (Merits) ကို စစ်ဆေးရာတွင် နှုတ်ဖြင့် လျှောက်လဲချက်ပေးခြင်း (Oral Hearings) သည် ၂၀၂၆ ခုနှစ်၊ ဇွန်နဝါရီ ၂၉ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ လျှောက်လှဲချက်အပေါ် ကြားနာမှု ပြီးဆုံးသွားပြီဖြစ်၍ ICJ တရားသူကြီးများသည် အမှုကို စတင် သုံးသပ်ဆုံးဖြတ် (Deliberation) ပြုနေကြပြီဖြစ်သည်။ နောက်ဆုံးအပြီးသတ်အမိန့် စီရင်ချက်သည် ၆ လ မှ တနှစ်အတွင်း ထွက်လာနိုင်သည်ဟု ဥပဒေပညါရှင် အချို့က ဆိုထားကြသည်။ အပြီးသတ် စီရင်ချက်တွင် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်အား မြန်မာမှ ဖောက်ဖျက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ကာ နိုင်ငံတကာဥပဒေအရ သိသာသော သက်ရောက်မှုများရှိနေမည့်အလွန်အရေးကြီးသော အမှုတစ်ခုဖြစ်နေသည်။

ICJ က မည်သို့ ဆုံးဖြတ်လာမည်နည်း။ အကယ်၍ ထိုကာလများတွင် ULA/AA ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း စသည့် စွပ်စွဲချက်များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက်မှုများ ရှိသွားနိုင်ပါသနည်း။ 

သက်ရောက်လာနိုင်မှု

ICJ မှာ နိုင်ငံအချင်းချင်း အငြင်းပွားမှုကို စီရင်သော တရားရုံးဖြစ်သည်။ သို့သော် အကယ်၍ AA သာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း တို့ရှိသည်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်နေပါက အမှုအပေါ်တွင် သက်ရောက်မှုများက ရှိလာနိုင်သည်။ အဓိက အချိုးအကွေ့တစ်ခုမှာ မြန်မာစစ်တပ်အတွက် အကြောင်းပြချက် ကောင်းတစ်ခုဖြင့် ခုခံချေပစရာတစ်ခု အဖြစ်ရှိသွားနိုင်သည်။  မြန်မာစစ်တပ်ဘက္မှ  “မိမိတို့က မျိုးတုံးသတ်ဖြတ်မှုနှင့် တရားရုံးအမိန့်များအပေါ် တာဝန်ယူမှုဖြင့် ဆောင်ရွက်နေသော်လည်း AA ကြောင့် အဟန်အတား ဖြစ်နေခြင်း ဖြစ်သည်” ဟူသော အပြစ်လွှဲချရန် အခွင့်အရေး ရှိလာမည် ဖြစ်သည္။

တရားရုံး၏ အရေးပေါ်အမိန့်များ အပေါ် အကောင်အထည်ဖော်မှုအားနည်းခြင်းက “AA နယ်မြေရှိ အပြည်မဲ့ အရပ်သားများ၊ လူနည်းစုများနှင့်  ရိုဟင်ဂျာများအပေါ် ထိခိုက်မှု” နှင့် တိုက်ရိုက်အချိုးကျနေမည်ဖြစ်သည်။ ထိုသို့ ထိခိုက်မှုအပေါ် မြန်မာစစ်တပ်၊ AA နှင့် ရိုဟင်ဂျာလက်နက်ကိုင်များက နိုင်ငံရေးအမြတ်ထုတ်မှုအဖြစ် အသုံးချမှု၊ အပြစ်လွဲချမှုများ ရှိနေပါက ICJ ဘက်က မြန်မာနိုင်ငံအပေါ် (နိုင်ငံတော်အဆင့်အား ဖြင့် နယ်မြေအတွင်းရှိ အဖွဲ့အစည်းအားလုံး (စစ်တပ်၊ စစ်တပ်လက်အောက်ခံအဖွဲ့နှင် AA)) စသည့် အားလုံးအပေါ် လွမ်းခြုံလာမည့် “လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ရန် တားဆီးခြင်း” အမိန့်မျိုးကို ပိုမိုတင်းကျပ်စွာ ထုတ်ပြန်လာနိုင်သည်။ ဤကဲ့သို့ လွမ်းခြုံအမိန့်မျိုးက နိုင်ငံတကာဥပဒေအရ သက်ရောက်မှု ပြင်းထန်တတ်သည်။ တနည်းအားဖြင့် “မည်သည့်အဖွဲ့သည် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေသည်” ဟု ICJ မှ အတည်ပြုပေးလိုက်သော သဘောမျိုးဘက်ကို ရောက်နေမည်ဖြစ်သည်။ ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား) သည် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည်။ အကယ်၍ AA က ကျူးလွန်သည်ဆိုသော သက်သေခိုင်လုံနေပါက IIMM၏  မှတ်တမ်းထဲတွင် ရှိနေမည်ဖြစ်ပြီး နောင်တစ်ချိန်တွင် AA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်အတွက် အရေးယူလာရန် အထောက်အထားအဖြစ် သုံးလာမည်ဖြစ်သည်။ ICC (အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး) သည်ICJ နှင့် မတူပေ။ ICC သည် တစ်ဦးတစ်ယောက်ချင်းစီ (Individual Responsibility) အပေါ်တွင် စီရင်ပိုင်ခွင့်ရှိနေသည်။ ဝရမ်းထုတ်နိုင်သည်။

အကယ်၍ ULA/AA ဘက်ကသာ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် စွပ်စွဲခံလာရပါက သေချာနေသော အချက်မျာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ ထောက်ခံမှု တို့ကို လက်လွတ်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေသည် နိုင်ငံတကာထောက်ခံမှု ရရန်ကိစ္စမှာ ULA/AA အတွက် အရေးကြီးနေချိန်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ပေါ်ပေါက်လာပါက နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ULA/AA တည်ဆောက်လိုသော “အာရက္ခအိပ်မက်” အတွက် လိုအပ်သော နိုင်ငံတကာ ထောက်ခံမှုနဲ့ လူသားချင်းစာနာမှု အကူအညီမြား ရရှိရန် ခက်ခဲလာမည်ဖြစ်သည်။ ULA/AA ဘက်မှ  နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (Code of Conduct) များကို လိုက်နာကြောင်း အမြဲတမ်း ပြောကြားထားသည်။  စွပ်စွဲချက်များ ထွက်လာပါကလည်း ငြင်းဆန်ပါယ်ချမှုများ ရှိခဲ့လို့၊ “စုံစမ်းစစ်ဆေးမှုများလုပ်မည်” ဟု ကတိပေးသည် များလည်းရှိသည်။ အချို့ဖြစ်ရပ်များတွင် ကျူးလွန်သူ တပ်ဖွဲ့ဝင်များအား အပစ်ပေး အရေးယူထားခြင်းများလည်းရှိသည်။ မည်သို့ပင် ဖြစ်စေ စွပ်စွဲချက္များအပေါ် IIMM ၏ စစ်ဆေးမှုကို လက်ခံကြောင်း ULA/AA ဘက္မှ သဘောတူသည်ဟု  IIMM ၏  “Annual Report of the Independent Investigative Mechanism for Myanmar”၊ (အမှတ်စဉ် – A/HRC/59/XX) အစီရင်ခံစာပါ အချက်က လက်ရှိတွင်တော့ ULA/AA ၏ ပုံရိပ်သည် မျှော်လင့်ချက်မပျက်စီးသေးသော သက်တောင့်သက်သာမှုက ရှိနေပါသည်။ 

ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိမှု (Duty to cooperate)

Duty to cooperate ဟူသောစကားလုံးက ICJ တရားခွင်တွင် မြန်မာနှင့် ဂမ်ဘီယာ ရှေ့နေများ အပြန်အလှန် ထိုးနှက်ခုခံ ချေပကြသော စကားလုံးများထဲမှ တစ်ခုဖြစ်သည်။ 

တရားခွင်တွင် မြန်မာက ဂမ်ဘီယာဘက္မှ အခြေခံသော IIFFMM ၏ အစီရင်ခံစာများ၊ NGOs များ၏ အစီရင်ခံစာများကို ICJ တရားသူကြီးများမှ သက်သေအဖြစ် မသတ်မှတ်သင့်ဟု ဆိုသည်။ မြန်မာဘက်မှ အကြောင်းပြပုံမှာ IIFFMM နှင့် NGOs များ၏ အစီရင်ခံစာများသည် “တဆင့်ခံ ပြောစကားများ” ကိုသာ ယူထားခြင်းဖြစ်သည်။ တကယ့်မြေပြင်တွင် ဖြစ်ရပ်များကို “မျက်ဝါးထင်ထင်” ကိုယ်တိုင် ကြားသိမြင်၍ ရေးခဲ့သည်မဟုတ်။ 

IIFFMM အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr.Christopher Sidoti) အစီရင်ခံစာနှင့် ပတ်သက်၍ ဥပဒေကြောင်းဆိုင်ရာ အထောက်အထား အချက်အလက်ခိုင်မာမှုအပေါ် လူသိရှင်ကြား ဆွေးနွေးပွဲများ၊ ရှင်းလင်းပွဲများတွင် ပြောဆိုခ့ဲသော အချက်တချို့ရှိသည်။ ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr. Christopher Sidoti) က စံနှုန်းအရ Fact-Finding Mission ၏ အစီရင်ခံစာသည် “ယုံကြည်စိတ်ချရသော အကြောင်းပြချက်ရှိခြင်း” (Reasonable grounds to believe)  စံနှုန်းပေါ်မှာသာ အခြေခံထားနိုင်ခဲ့ခြင်းသာရှိကြောင်း၊  အစီရင်ခံစာ အနေဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးအတွက် လိုအပ်သော “သံသယဖြစ်ဖွယ်မရှိ၊ ငြင်းဆန်နိုင်ဖွယ်မရှိ သက်သေပြနိုင်ခြင်း” (Beyond reasonable doubt) ဆိုသော စံနှုန်းထက် အများကြီး နိမ့်ကျကြောင်း၊ သို့ဖြစ်၍ IIFFMM ၏ အစီရင်ခံစာအား တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုရန် အကန့်အသတ်ရှိကြောင်း၊ တရားရုံးတွင် တိုက်ရိုက်သက်သေအဖြစ် အသုံးပြုရန်ထက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရန်အတွက် ဦးတည်သော “လမ်းပြမြေပုံ” အဖြစ် ရည်ရွယ်သော အစီရင်ခံစာ ဖြစ်ကြောင်း ပညာရှင်ပီပီရိုသားစွာ ပြောဆိုထားခဲဲ့ခြင်းရှိသည်။ သို့ဖြစ်၍သာ IIMM ကဲ့သို့ ယန္တယားများ ထပ်ပေါ်လာရခြင်းဖြစ်သည်။ 

ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr. Christopher Sidoti)၏ “IIFFMM ၏ အစီရင်ခံစာအား တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုရန် အကန့်အသတ်ရှိကြောင်း၊  တရားရုံးတွင် တိုက်ရိုက် သက်သေအဖြစ် အသုံးပြုရန်ထက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရန်အတွက် ဦးတည်သော “လမ်းပြမြေပုံ” အဖြစ် ရည်ရွယ်သော အစီရင်ခံစာ ဖြစ်ကြောင်း” ပြောကြားမှုကို မြန်မာဘက်က “အစီရင်ခံစာ ရေးသားသူများကိုယ်တိုင်က ၎င်းတို့၏ တွေ့ရှိချက္များသည် တရားရုံး၌ တိုက်ရိုက် အပြစ်ပေးနိုင်ရန် လုံလောက်သော သက်သေစံနှုန်း မဟုတ်ဟု ဝန်ခံထား၍” ထိုအစီရင်ခံစာကို အသုံးချစရာမလိုကြောင်း၊ အစီရင်ခံစာကို အခြေခံကာ တရားစွဲနေသော ဂမ်ဘီယာဘက်က တင်ပြမှုများမှာ ခိုင်မာမှု မရှိ၍ ပါယ်ချသင့်ကြောင်း ကိုယ်လိုရာဆွဲကာ မြန်မာဘက်က ဆိုခဲ့သည်။

ဤတွင် မေးခွန်းတစ်ခုက ပေါ်လာတော့သည်။ ထိုအချိန်က IIFFMM က မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ အချက်အလက်ရှာဖွေရန် ကမ်းလှမ်းမှုကို မြန်မာဘက်က အဘယ်ကြောင့် ပါယ္ချခ့ဲပါသနည်း။ IIFFMM သည် ဂျီနိုဆိုက် ဟုတ်၊ မဟုတ်အတွက် အချက်အလက် ရှာဖွေခြင်းမဟုတ်လော၊ မြန်မာသည် ဂျီနိုဆိုက် ကွန့်ဗင့်ရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဂျီနိုဆိုက်ဟုတ်၊ မဟုတ်ကို အချက်အလက်ရှာဖွေမည့် IIFFMM နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate) ရှိသည် မဟုတ်လော။ 

ဤတွင် ICJ တရားသူကြီး ဂျူအန် မန်နူရယ် ဂိုမစ် ရိုဘလီဒို (Judge Juan Manuel Gomez Robledo) က ” ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate)” ရှိမှုကို စေ့စေ့ပေါက်ပေါက် မေးခွန်းထုတ်ရာ- မြန်မာဘက်က ဤသို့ ပြန်၍ ရှင်းလင်းခန်းဖွင့်တော့၏ ။ မြန်မာဘက္မှ ရှင်းပုံမှာ – ” ပူးပေါင်းဆောင်ရွက်ရန် တာဝန် (Duty to cooperate)” ဟူသည် ယေဘူယျအားဖြင့် အငြင်းပွားနေကြသော နိုင်ငံနှစ်ခုကြားတွင် အမှန်တရားအတွက်ထားရှိရမည့်အရာသာ ဖြစ်သည်။ ဂမ်ဘီယာ နိုင်ငံသားများအပေါ် မြန်မာဘက္မှ ဂျီနိုဆိုက္လည်း မကျူးလွန်ခ့ဲ။ သို့ဖြစ်၍ ဂမ်ဘီယာသည်လည်း ဘာမှ မထိခိုက္မနစ်နာ၊ “ပူးပေါင်းဆောင်ရွက်ရန် တာဝန်” ဆိုသည်မှာလည်း တတိယ ကြားခံ သဘောမျိုးဖြစ်နေသော ကုလသမဂ္ဂ၏ IIFFMM၊ IIMM တို့လို ယန္တယားမျိုးဖြင့် မဖြစ်မနေ ပူးပေါင်းရမည်ဟု ဥပဒေလည်း တရားဝင်မထုတ်ထား၊ IIFFMM နှင့် IIMM တို့ကို ဖွဲ့သည်အခါ မြန်မာက သဘောတူခဲဲ့ခြင်းလည်းမရှိ၊ သို့ဖြစ်၍ မြန်မာ အနေဖြင့် ထို IIFFMM၊ IIMM တို့နှင့် မပူးပေါင်းခြင်းကို အပြစ်လာပြောနေစရာမလို” စသည့် သဘောမျိုးကို ဖြေရှင်းတော့သည်။

ဂမ်ဘီယာ ဘက်က Cooperation as Evidence of Intent ဟူသည့် “သက်သေ ထူပြသလိုဖြစ်သော စိတ် စေတနာ ဆန္ဒ နှင့် ပူးပေါင်းဆောင်ရွက်” ကို ထောက္ပြသွားခ့ဲသည်။ မြန်မာတွင် အပြစ်မရှိကြောင်းကို အဖွင့်သဘောဖြင့် ပြသရန် ဆန္ဒမရှိကြောင်း၊ သို့ဖြစ်၍ IIFFMM က့ဲသို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စေတနာမရှိကြောင်း၊ ARSA အား အကြောင်းပြကာ ပ​ြုလုပ္ခ့ဲသော စစ်ဆင်ရေးဆိုင်ရာ မှတ်တမ်းများကိုလည်း တရားရုံးကို ပွင့်လင်းစွာ မချပြကြောင်း၊ သက်သေများကို ထိန်းသိမ်းရန် တရားရုံး၏ အမိန့်ကိုလည်း အကောင်အထည်မဖော်ကြောင်း၊ သက်သေအထောက်အထားများကို လွဲပြောင်းရန် တရားရုံးဘက် အကြံညဏ်ပေးကြောင်း၊ ငြင်းဆန်မှုမှာ မြန်မာ၏ ကိုယ်ပိုင် သဘောထားသာဖြစ်ပြီး ထိုငြင်းဆန်မှုကို တရားရုံးဘက်လည်း ထောက်ခံနေခြင်းမဟုတ်ကြောင်း၊ ဂျီနိုဆိုက်အား တားဆီးရန် နိုင်ငံတိုင်းတွင် တာဝန်ရှိကြောင်း စသဖြင့် ဖြေရှင္းခ့ဲသည္။

ငြင်းခုံမှုများအပေါ်စိစစ်လာမည့် ဥပဒေစံနှုန်း

နိုင်ငံတကာဥပဒေအရ ဖြစ်စေ၊ ပြည်တွင်းဥပဒေအရ ဖြစ်စေ၊ အခြားတနေရာတွင်ရှိသော တရားမျှတ လွတ်လပ်သော တရားစီရင်မှု တစ်ခုတွင် ဖြစ်စေ ” ရာဇဝတ်မှုအား ကိုင်တွယ်ရာတွင် ရိုးရှင်းသော (Mens Rea) ဆိုသည့် အပြစ်ကျူးလွန်ရန် ရည်ရွယ်ချက်၊ စိတ်ဆန္ဒ ပါမပါ ဆိုသည့် (Guilty Mind) ” အချက်ကို စဉ်းစားရသည်ဟု ဆိုသည်။ အထူးသဖြင့် ကာယကံမြောက် လုပ်ရပ် (Actus Reus) တစ်ခုတည်းဖြင့် ဆန်းစစ်ရန် မလုံလောက်သော အခြေအနေမျိုးတွင် (Mens Rea) အပိုင်းကို ပို၍ ဆန်းစစ်ရသည်ဟု ဆိုသည်။ ကာယကံမြောက် လုပ်ရပ် (Actus Reus) တစ်ခုတည်းဖြင့် ဆန်းစစ်ရန် မလုံလောက်သော အခြေအနေမျိုးများတွင် သက်သေ အထောက်အထားအရည်အသွေးက လိုအပ်နေသည်၊ သို့သော် အမှန်တကယ် ထိခိုက္ ခံစားခ့ဲရသူလည္း ရှိနေသည် စသည့် အခြေအနေမျိုးလည်းပါဝင်နေပါသည်။

ထိုအခြေအနေမျိုးအောက်တွင် (Mens Rea) အတွက်  အဓိက အချက် ၄ ခု ကို ပြန်၍ ဆန်းစစ်ရသည်ဟု ဆိုထားသည်။

၁။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း (Intention/Purpose)

တရားခံအနေဖြင့် မကောင်းသောရလဒ်တစ်ခုကို ဖြစ်ပေါ်စေရန် တမင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟုတ်၊ မဟုတ်။

ဥပမာ – လူတစ်ယောက်အား သေစေချင်သော စိတ်ဖြင့် သေနတ်ဖြင့် ပစ်ခြင်းမျိုးဖြစ်သည်။ ထိုသို့ပစ်၍ ကျည်ဆံထိမှန်၊ မမှန္ ဟူသည်က တပိုင်းဖြစ်သည်။ ပစ်ခံရသူ ဘာမှမဖြစ်ခ့ဲလျှင္တောင် ပစ်သူမှာ ရည်ရွယ်ချက်ပါနေသည့်အ တွက် ပြစ်မှုမြောက်နေပြီဖြစ်သည်။

၂။ သိလျက်နှင့် လုပ်ဆောင်ခြင်း (Knowledge)

မကောင်းသောရလဒ်ကို အဓိက မရည်ရွယ်သော်လည်း  မိမိလုပ်ရပ်ကြောင့် မည်သို့ ဖြစ်လာမည်ကို သေချာပေါက် သိနေခြင်း ရှိ၊ မရှိ

ဥပမာ – အဆောကျအဦးထဲတွင္ လူရှိမှန်း သိလျှက် အဆောက်အဦးအား မီးရှို့ခြင်းမျိုးဖြစ်သည်။ (လူကို သေစေချင်၍မဟုတ်၊ အဆောက်အဦးကို ပျက်စီးစေချင်၍ ပြုလုပ်မှု ဖြစ်သော်လည်း  လူပါ သေသွားနိုင်သည်ကို သိနေလျှက် ပြုလုပ်မှုမျိုး ဖြစ်သည္။

၃။ ပေါ့ဆမှုလွန်ကဲခြင်း (Recklessness)

မိမိလုပ်ရပ်က အန္တရာယ်ရှိနိုင်မှန်း သိထားသည်။ သို့ရာတွင်အကျိုးဆက်ကို ဂရုမစိုက်ဘဲ ဆက်လုပ်ခြင်း ဟုတ်၊ မဟုတ် ဥပမာ – လူစည်ကားသော လမ်းပေါ် ကား အရှိန်ပြင်းပြင်း မောင်းခြင်းမျိုး ဖြစ်သည်။

၄။ ပေါ့လျော့ခြင်း (Negligence)

သာမန်လူတစ်ယောက်အနေဖြင့် အန္တရာယ်အား သတိပြုမိသင့်သော အနေအထားတွင်ရှိနေသော်လည်း သတိမထားဘဲ လုပ်ဆောင်မိခြင်း ဟုတ်၊ မဟုတ်။

ဤအချက်က ရာဇဝတ်မှုတွင် အနိမ့်ဆုံးအဆင့်ရှိသော (Mens Rea) ဖြစ်သည်။

သက်သေပြခြင်း (Evidence of Intent)

ဤတွင် ဂမ်ဘီယာ ဆိုလိုသော “သက်သေထူပြသလိုဖြစ်သော စိတ်စေတနာ ဆန္ဒ” (Evidence of Intent) သဘောက ပါလာတော့သည်။ (Mens Rea) ဟူသည် ဆုတ်ကိုင်ပြ၍တော့မရ။ သို့ရာတွင် တရားရုံးများက အထက်ပါ အဓိကလေးချက်နှင့် ငြိ၊ မငြိကို  အောက်ပါ အချက္များဖြင့် သက်သေပြ၊ ကောက်ချက်ချလေ့ ရှိကြသည်။ 

  • ၁။ လုပ်ရပ်မတိုင်ခင် အခြေအနေ ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကြံစည်မှုများ ရှိ၊ မရှိ။
  • ၂။ လုပ်ရပ်လုပ်စဉ် အခြေအနေ တွင် အသုံးပြုသော အင်အား၊ နည်းလမ်း၊ လုပ်ရပ်များတွင် အထက်တွင္ဖော်ပြခ့ဲသော အချက် လေးချက်ထဲမှ တချက်ချက်နှင့် ငြိ၊ မငြိ။
  • ၃။ လုပ်ရပ်ပြီးနောက် အခြေအနေ တွင် သက်သေဖျောက်ဖျက်ခြင်း၊ ထွက်ပြေးခြင်း၊ ငြင်းဆန်ခြင်း၊ တာဝန်မခံခြင်း ရှိ၊ မရှိ။ စသည့်အချက္များဖြင့် ဆန်းစစ်လေ့ရှိသည်။ 

ဤအချက်များက ပေးနေသည့်သတင်းစကားမှာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက္မှုများကို ကျူးလွန်ပြီး မည်မျှပင် ဘူးခံငြင်းနေပါစေ၊ ထိုသို့ ဘူးခံငြင်းဆန်နေမှုကပင်လျှင် အကောင်းဆုံး သက်သေ အထောက်အထား ဖြစ်သွားတတ်သည်ဟူသော အချက်ကို ULA/AA အနေဖြင့် ဂရုပြုသင့်သည်။ 

ထိုအချက္များမှ မြန်မာ ဘက္မှ ရုန်းထွက်ပုံမှာ မြန်မာဘက်က ARSA ကို ရှင်းလင်းသည့် စစ်ဆင်ရေးသာဖြစ်ပြီး ရိုဟင်ဂျာ လူစုကို ဖျက်ဆီးသည့် စစ်ဆင်ရေးမဟုတ်ဟု ဆိုခ့ဲသည္။ ARSA ကိုသာ ပစ်မှတ်ထားသည်၊ ရိုဟင်ဂျာ လူစုကို ဖျက်ဆီးရန် မရည်ရွယ်ပါဆိုလျှင် ” ထိုစစ်ရေးအတွင်း ARSA ဘယ်လောက်၊ သာမန်အရပ်သာ ရိုဟင်ဂျာ ဘယ်လောက်သေ ခ့ဲသနည္း” ဟူသော တရားသူကြီးများ၏ အမေးကိုတော့ မြန်မာ မဖြေနိုင္ခ့ဲပေ။ တရားရုံးကြားဖြတ်အမိန့်များကို လိုက်နာပါသည်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါသည်ဟူသော အကြောင်းပြချက်အတွက် မြန်မဘက္မှ ICOE ကို အကာအကွယ်ယူခ့ဲသေးသည္။ ICOE ဟူသည် NLD အစိုးရလက်ထက်တွင် ဖွဲ့ခ့ဲသော စုံစမ်းစစ်ဆေးရေးကော်မရှင်   (Independent Commission of Enquiry – ICOE) ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မာနာလို ( Rosario Manalo ) နှင့်  ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်း ကဲန်ဇို အိုရှီမ ( Kenzo Oshima ) တို့ပါဝင္ခ့ဲသည္။ ICOE ၏ အစီရင်ခံစာတွင်  “လူမျိုးတုံးသတ်ဖြတ်မှု (Genocide)” ကျူးလွန်ခဲ့သည်ဆိုသော သက်သေအထောက်အထား မတွေ့ရ သော်လည်း၊ အင်းဒင်ရွာ ဖြစ်စဉ်အပါအဝင် အချို့နေရာများတွင် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှု (War Crimes) နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပ​ြုလုပ်ခ့ဲသည်ဟု  ဖော်ပြထားသည်။ ထိုအစီရင်ခံစာနှင့်အညီ အရေးယူမှုများကိုလည်း ပ​ြုလုပ္ခ့ဲသည်ဟု မြန်မာဘက္မှ ဆိုခ့ဲသည္။ ဆိုလိုချင်သည်က ICJ ၏ ကြားဖြတ်အမိန့်အပါအဝင် မြန်မာလိုက်နာရမည့် စံနှုန်းများကို လိုက်နာနေသည့် အားထုတ်မှုများရှိနေသည်ဟူသော အကြောင်းပြချက်ကို ပြလိုပုံရသည်။ မြန်မာဘက်က ဖြေရှင်းချက်တွင် စစ်ရာဇဝတ်မှုများကို  မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ တစ်ဦးချင်းအလိုက် ခြိုးဖောက်ခ့ဲသည္များ ရှိသည်။ သို့သော် ဤအချက္မှာ နိုင်ငံအနေဖြင့် ဂျီနိုဆိုက် ကျူးလွန်ရန် ရည်ရွယ်ချက်ရှိသည်မဟုတ် ဟူသော အချက်ဖြစ်သည်။

တရားသူကြီး ဒိုင်ရီ တလာဒီ (Judge Dire Tladi) က  “နိုင်ငံတော်၏  တာဝန်ရှိမှု (State Responsibility)” နှင့် “တစ်ဦးချင်းစီ၏  ရာဇဝတ်မှုကျူးလွန်လိုစိတ် (Individual Criminal Intent)” ကြားက ဆက်စပ်မှုကို ပစ်မှတ်ထားကာ  ဂမ်ဘီယာနှင့်  မြန်မာကို မေးခ့ဲသော မေးခွန်းက ရှိသေးသည်။ ၎င်းက “Genocide Convention  အရ နိုင်ငံတစ်နိုင်ငံအား တာဝန်ရှိသူအဖြစ် သတ်မှတ်ရန်အတွက် ထိုနိုင်ငံ၏ အရာရှိများ၊  အေးဂျင့်များတွင် ‘Genocidal Intent’ (လူမျိုးတုံးသတ်ဖြတ်လိုသော ရည်ရွယ်ချက်) ရှိကြောင်း သက်သေပြရန် လိုအပ်ပါသလား။ လိုပါက အဆိုပါ ရည်ရွယ်ချက် ‘Intent’ အား မည်သည့် စံနှုန်းများဖြင့် တိုင်းတာမည်နည်း” ဟု မေးခ့ဲသည္။

ထိုမေးခွန်းအား  ဂမ်ဘီယာနိုင်ငံ၏ အဖြေ မှာ “နိုင်ငံတော်တစ်ခုတွင်  တာဝန်ရှိကြောင်း ဆုံးဖြတ်ရန် တစ်ဦးချင်းစီ၏  စိတ် ( ‘Intent’ ) ချည်းသာ ကြည့်စရာမလိုပေ၊ အဆိုပါနိုင်ငံ၏ မူဝါဒ၊ စနစ်တကျ လုပ်ဆောင်မှုနှင့် ထိုမှ ထွက်လာသော အကျိုးဆက္များကို ကြည့်ကာ ကောက်ချက်ချမှု (Infer)နည်းလမ်းဖြင့်  သက်သေပြ၍ရကြောင်း၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ရပ်များသည် လူမျိုးစုကို ဖျက်ဆီးရန် ရည်ရွယ်ချက် အပေါ် ဦးတည်နေပါက နိုင်ငံတော်တွင် တာဝန်ရှိနေပြီ ဖြစ်ကြောင်း ပြန်လည် ဖြေရှင္းခ့ဲသည်။

မြန်မာဘက္မှ ဖြေရှင်းရာတွင် Genocide ဟူသည် “ရာဇဝတ်မှုအားလုံး၏ အမြင့်ဆုံးရာဇဝတ်မှု” ဖြစ်သောကြောင့် ရည်ရွယ်ချက် ‘Intent’ ကို သက်သေပြရာတွင် အလွန်မြင့်မားသော စံနှုန်းရှိရမည် ဖြစ်ကြောင်း၊ တစ္ဦးချင္းစီတွင္ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ရှိရုံဖြင့် မလုံလောက်ဘဲ နိုင်ငံတော်အဆင့်တွင် အုပ်စုတစ်ခုလုံးအပေါ် ဖျက်ဆီးပစ်ရန် တိကျ သောရည်ရွယ်ချက် (Specific Intent) ရှိကြောင်း ခိုင်ခိုင်လုံလုံ သက်သေပြနိုင်မှသာ နိုင်ငံတော်တွင် တာဝန်ရှိမည် ဖြစ်ကြောင်းကို တင်ပြခ့ဲသည္။ 

မြန်မာဘက်က မြင့်မားသော စံနှုန်း၊ တိကျသော ရည်ရွယ်ချက် စသည့် စကားလုံးများဖြင့် ရှောင်ဝှေ့နေသော်လည်း ခက်သည်က လက်ရှိဖြစ်စဉ်မှာ တစ်သန်းကျော်အရေအတွက်ရှိသော လူအုပ်စုတစ်ခုသည် ထိခိုက်မှုကို ခံစားခ့ဲရပြီးပြီဖြစ်သည်။ ယာယီတရားသူကြီး ယာယီတရားသူကြီး ဒိုင်ရီ တလာဒီ (Judgr ad hoc Dire Tladi) ၏ မေးခွန်းအပေါ် ဂမ်ဘီယာနှင့် မြန်မာ ပြန်လည်ဖြေဆိုမှုတွင် သီအိုရီအား ဖြင့် နှစ်ဖက္စလုံးတွင္ တူညီသော အချက္များက ရှိနေသည်ကို တွေ့ရသည်။ 

မြန်မာဘက်္မှ ဖြေရှင်းရာတွင် Genocide ဟူသည် “ရာဇဝတ်မှုအားလုံး၏ အမြင့်ဆုံးရာဇဝတ်မှု” ဖြစ်သောကြောင့် ရည်ရွယ်ချက္ ‘Intent’ ကို သက်သေ ြပရာတွင် အလွန်မြင့်မားသော စံနှုန်းရှိရမည် ဖြစ်ကြောင်း၊ တစ္ဦးချင္းစီတွင္ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ရှိရုံဖြင့် မလုံလောက်ဘဲ နိုင်ငံတော်အဆင့်တွင် အုပ်စုတစ်ခုလုံးအပေါ် ဖျက်ဆီးပစ်ရန် တိကျ သောရည်ရွယ်ချက် (Specific Intent) ရှိကြောင်း ခိုင်ခိုင်လုံလုံ သက်သေ ြပနိုင်မှသာ နိုင်ငံတော်တွင် တာဝန်ရှိမည် ဖြစ်ကြောင်းတင်ပြခ့ဲသည္။ ထိုတင်ပြမှုကို သတိထားကြည့်ပါက မြန်မာဘက္မှ “တစ္ဦးချင်စီတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ရှိရုံဖြင့် မလုံလောက်ဘဲ

 နိုင်ငံတော်အဆင့်တွင် အုပ်စုတစ်ခုလုံးအပေါ် ဖျက်ဆီးပစ်ရန် တိကျ သောရည်ရွယ်ချက် (Specific Intent) ရှိကြောင်း ခိုင်ခိုင်လုံလုံ သက်သေ ြပနိုင်မှသာ နိုင်ငံတော်တွင် တာဝန်ရှိမည် ဖြစ်ကြောင်း” ကို လက်ခံထားသည်ကို တွေ့ရမည်ဖြစ်သည်။ 

ဤသို့ဆိုပါလျှင် ဂမ်ဘီယာဘက္မှ တင်ပြသော “နိုင်ငံတော်တစ်ခုတွင်  တာဝန်ရှိကြောင်း ဆုံးဖြတ်ရန် တစ်ဦးချင်းစီ၏  စိတ် ( ‘Intent’ ) ချည်းသာ ကြည့်စရာမလိုပေ၊ အဆိုပါနိုင်ငံ၏ မူဝါဒ၊ စနစ္တက် လုပ်ဆောင်မှုနှင့် ထိုမှထွက်လာသော အကျိုးဆက္များကို ကြည့်ကာ ကောက်ချက်ချမှု (Infer)နည်းလမ်းဖြင့်  သက္သေပြ၍ရကြောင်း၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ရပ်များသည် လူမျိုးစုကို ဖျက်ဆီးရန် ရည်ရွယ်ချက် အပေါ် ဦးတည်နေပါက နိုင်ငံတော်တွင် တာဝန်ရှိနေပြီ ဖြစ်ကြောင်း” နှင့် မြန်မာ၏ တင်ပြချက်သည် အနှစ်သာရ ဘာကွာခြားပါသနည်း၊ ဘာမှ မကွာခြားပေ။

အဓိကအချက္မှာ “တစ်ဦးချင်းကျူးလွန်မှုကို ကြည့်နေစရာမလို နိုင်ငံအဆင့်မှ ရည်ရွယ်ချက်၊ ယန္တယားများဖြင့် လုပ်ခြင်းဟုတ်၊ မဟုတ်ကိုသာ ကြည့်ရမည်” ဟူသော အဓိပ္ပါယ္ ထွက်လာသည်။ ဤသို့ ဆိုပါလျှင် မြန်မာမှ ICOE အစီရင်ခံစာအရ ကျူးလွန်သူတပ်ဖွဲ့ဝင်များကို တဦးချင်း ပြစ်ဒဏ် ချမှတ္ခ့ဲသည်ဟု ဆိုထားသည္။ သို့ဖြစ်၍ ICOE သည် တစ်ဦးချင်းကျူးလွန်မှုကို အခြေခံထားသော ပုံစံမျိုးဖြစ်နေသည်။ “တစ်ဦးချင်းကျူးလွန်မှုကို ကြည့်နေစရာမလို နိုင်ငံအဆင့် ကျူးလွန်မှု ဟုတ်၊ မဟုတ်ကို ကြားနာနေသည့် ကိစ္စတွင် ICOE ဖြစ်စဉ်ကကော အသုံးဝင်ပါမည်လောဟု မေးစရာသာဖြစ်လာတော့သည်။

ICJ ၏ ကြားဖြတ်အမိန့်များကို ဆန်းစစ်ခြင်း

မြန်မာဘက္မှ ICJ တရားခွင်အတွင်း တောက်လျှောက် ပြောဆိုလာသည်မှာ

၁။ ဂမ်ဘီယာတွင် တရားစွဲခွင့်မရှိ

အဘယ်ကြောင့် ဆိုသော ဂမ်ဘီယာတွင် မြန်မာကြောင့် ဂျီနိုဆိုက်နှင့်ပတ်သက်၍ နစ်နာထိခိုက္မှု တစ်စုံတစ်ရာမရှိ၊ ရိုဟင်ဂျာဆိုသူများမှာ ဂမ်ဘီယာနိုင်ငံသားများမဟုတ်၊ သို့ဖြစ်၍ ICJ တွင် တရားစွဲဆိုပိုင်ခွင့်မရှိ။ 

၂။ တရားရုံး၏ စီရင်ပိုင်ခွင့် အောက်တွင် မရှိ

ဂမ်ဘီယာသည် OIC ကိုယ်စား (Proxy) အဖြစ်တရားစွဲခြင်းဖြစ်သည်။ ICJ သည် နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုကို ဖြေရှင်းရန်တည်ထောင်ထားသော တရားရုံးသာဖြစ်သည်။ OIC သည် နိုင်ငံမဟုတ်၊ နိုင်ငံများပါဝင်သော အဖွဲ့အစည်းသာ ဖြစ်သည်။ OIC က့ဲသို့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတစ်ခု ကြားအငြင်းပွားမှုမျိုးကို ကိုင်တွယ်ခွင့်မရှိ

၃။ လုပ်ထုံးလုပ်နည်းအရ လွဲရှော်မှု

ICJ တရားရုံးသို့ ရောက်ရှိရန် နိုင်ငံတစ်ခုနှင့် တစ်ခုသည် အငြင်းပွားမှုများ၊ ပြဿနာမြားရှိရမည္ ဖြစ်သည်။ ထိုပြဿနာများကို အချင်းချင်း ညှိ့နှိုင်း၍ မရနိုင်သောအခါမှသာ ICJ သို့ ရောက်ရမည်ဖြစ်သည်။ မြန်မာနှင့် ဂမ်ဘီယာကြားတွင် မည်သည့်ပြဿနာ၊ ပဋိပက္ခနှင့် အငြင်းပွားမှု မရှိ။ သို့ဖြစ်၍ ICJ သို့ ရောက်ရမည့် လုပ်ထုံးလုပ်နည်း လွဲရှော်နေသဖြင့် ICJ မှ ကိုင်တွယ်၍ မရ။

၄။ ဂျီနိုဆိုက်ကွန်ဗင့်ရှင်း ပုဒ်မ- ၈

ဂျီနိုဆိုက် ကွန်ဗင့်ရှင်း ပုဒ်မ ၈ သည် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အရေးယူခွင့် ဖြစ်သည်။ ICJ သည်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဂျီနိုဆိုက်ကိစ္စရပ်နှင့်ပတ်သက်၍ အရေးယူခွင့်ကို လကျမှတ္မထိုးခ့ဲ။ သို့ဖြစ်၍ ပုဒ်မ ၈ သည် မြန်မာအပေါ် မသက်ရောက်။ ထို ပုဒ်မ ၈ လုပ်ပိုင်ခွင့်ဖြင့် ICJ ကိုင်တွယ်ခြင်းသည် ဥပဒေနှင့်မညီ။ သို့ဖြစ်၍ ICJ မှ မကိုင်တွယ်သင့်။

၅။ IIFFMM အစီရင်ခံစာ သက်သေခံ အဖြစ်မဝင်

ဒေါက်တာ ခရစ်စတိုဖာ စီဒိုတိ (Dr. Christopher Sidoti)၏ “IIFFMM ၏ အစီရင်ခံစာ အား တရားရုံးတွင် သက်သေခံအဖြစ် အသုံးပြုရန် အကန့်အသတ်ရှိကြောင်း၊  တရားရုံးတွင် တိုက်ရိုက် သက်သေအဖြစ် အသုံးပြုရန်ထက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရန်အတွက် ဦးတည်သော “လမ်းပြမြေပုံ” အဖြစ် ရည်ရွယ်သော အစီရင်ခံစာ ဖြစ်ကြောင်း” ပြောဆိုချက် အပေါ်ကိုးကား၍ ထိုအစီရင်ခံစာအပေါ် သက်သေခံအဖြစ် အသုံးပြုမှုကို မြန်မာ ဘက်က ကန့္ကွက်ခ့ဲသည်။

၆။ မြန်မာတွင် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက္မရှိ

ကုလသမဂ္ဂ၏ ပဋိညာဉ်များအရ ကုလသမဂ္ဂယန္တယားများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ရေခံမြေခံ နိုင်ငံ၏ အခြေအနေနှင့် သဘောထားရပ်တည်ချက်ကို အလေးထားရမည်ဖြစ်သည်။ ထိုစည်းကို ကျော်၍မရ။ မြန်မာသည် IIFFMM နှင့် IIMM တို့ကို ဖွဲ့စည်းရန် သဘောတူညီခ့ဲသည္မဟုတ္။ ရေခံမြေခံ နိုင်ငံ၏ အခြေအနေနှင့် သဘောထားရပ်တည်ချက်အရ ပင် မပူးပေါင်းခွင့်ကရှိသည်။ ထိုသို့ မပူးပေါင်းမှုကို “ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက်” ဟု တံဆိပ် မကပ်သင့်။ IIFFMM နှင့် IIMM တို့နှင့် မပူးပေါင်းစေကာမူ မြန်မာသည် တာဝန်ယူမှုနှင့် တာဝန်ခံမှုကရှိသည်။ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိ၍ ICOE က့ဲသို့ လွတ်လပ်သော ကော်မရှင်များကို ဖွဲ့၍ စုံစမျးစစ္ ဆေးခ့ဲ ခြင်းဖြစ်သည်။ ထိုစုံစမ်းမှုများအရ တပ်ဖွဲ့ဝင်အချို့၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများရှိသည္။ ထိုကျူးလွန်မှုများကိုလည်း အရေးယူထားသည်။ ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ပါက ထိုသို့ အရေးယူမှုများကိုလည်း လုပ်မည်မဟုတ်။

ဤအချက္များကို ICJ ဘက်က မည်သို့ ရှူမြင်ပါသနည်း။ ရှူမြင်ပုံက ဤသို့ဖြစ်သည်။

ဂမ်ဘီယာ တရားလို လုပ်ခွင့်ရှိ၊ မရှိ နှင့် ICJ စီရင်ပိုင်ခွင့်ရှိ၊ မရှိ

ဂျီနိုဆိုက် ကွန်ဗင့်ရှင်းဟူသည် အားလုံးနှင့် ဆိုင်သော အရာ (Obligations Erga Omnes Partes ) စံနှုန်းဖြစ်သည်ဟု ICJ ကဆိုသည်။ ဂျီနိုဆိုက် ကွန့်ဗင့်ရှင်း အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်မှာ ကမ္ဘာကြီး၏ မည်သည့်နေရာ မည်သည့်ဒေသတွင်မဆို ဆိုးယုတ်လှသော ဂျီနိုဆိုက်ထပ်မဖြစ်ရန် ဆောင်ရွက်ကြမည်ဟု ကတိကဝတ်ပြုထားကြသည့် ဘုံတန်ဖိုးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံတစ်ခုသည် သူ့၏ နယ်မြေတွင် ဂျီနိုဆိုက်မဖြစ်ရန် ကာကွယ်တားဆီးရမည့် တာဝန်ရှိသည်။ ခက်သည်က ကာကွယ်ပေးရမည့်သူကိုယ်တိုင်က သူ၏ နိုင်ငံအတွင်း ဂျီနိုဆိုက်ကို ကျူးလွန်လာပါက မည်သူကတရားလို လုပ်ရမည်နည်း ဆိုသည်က ဥပဒေကြောင်းအရ ကွက်လပ် လစ်ဟာမှု (legal vacuum) ဖြစ်သည်။ ထို လစ်ဟာမှုကို အသုံးချ၍ ထပ်၍ ဂျီနိုဆိုက်ကို ပြုနေကြပါက မည်သို့ ပြုကြမည်နည်း။ ဂျီနိုဆိုက်ထပ်မဖြစ်ရန် ဆောင်ရွက်ကြမည်ဟု ကတိကဝတ်ပြုထားကြသည့် နိုင်ငံများက ထို (legal vaccum) ကြောင့် ထိုင်ကြည့်နေရမည်လော။ သို့မဟုတ် ဝိုင်းဝန်းတားဆီးရန် အားထုတ်ရမည်လော။ နိုင်ငံတကာတွင်ဖြစ်စေ၊ နိုင်ငံတိုင်းတွင်ဖြစ်စေ၊ မြန်မာနိုင်ငံတွင် ဖြစ်စေ တရားရုံးဟူသည် တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ကောင်းမြတ်သော ကိုယ်ကျင့်တရား (Equity and Good Conscience) နှင့်  သဘာဝတရားမျှတမှု (Natural Justice) ကို ကျင့်သုံးကာ တရားမျှတမှုကို ရှာပေးရသော နေရာဖြစ်သည္ ဟူသော စံနှုန်းကို ကျင့်သုံးကြသည်မဟုတ်လော။ တရားမမှုများတွင် ဥပဒေမရှိ၊ သို့မဟုတ် ဥပဒေဟာကွက် ဖြစ်နေပါက ထိုကောင်းမြတ်သော စံနှုန်းများကို စွဲကိုင်၍ (Non Liquet) စံနှုန်း ကို လက်ကိုင်ပြုကာ  ” ဤကိစ္စအား တရားမျှတမှုရှာဖွေရန် လက်ရှိတွင် ဥပဒေမရှိသေး၊ သို့မဟုတ် ဥပဒေ ဟာကွက် ဖြစ်နေသည်။ သို့ဖြစ်၍  ဘာမှလုပ်၍မရဟု” ဆိုကာ တရားရုံးများက ငြင်းပယ်လေ့မရှိပေ။ တရားမမှုနယ်ပါယ်ထဲသို့ ဆွဲထည့်ကာ တရားမမှုအဖြစ် တနည်းမဟုတ်တနည်းဖြင့် ကိုင်တွယ်ပေးလေ့ရှိသည် မဟုတ်လော။ ရာဇဝတ်မှုများ၊ ပြစ်မှုများတွင်သာ “Nullum crimen, nulla poena sine lege” (ဥပဒေမရှိလျှင် ပြစ်မှုမရှိ၊ အပြစ်ပေး၍မရ) ဆိုသော မူကိုသာ တရားရုံးသည် လိုက်နာရသည်။ ပြစ်မှု၊ ရာဇဝတ်မှု တစ်ခုအား အရေးယူရန် ဥပဒေမရှိ သို့မဟုတ် ဥပဒေ ဟာကွက် ရှိနေသောအခါတွင်သာ တရားရုံးသည် ဥပဒေတစ်ခုကို ဖန်တီးကာ အရေးယူခွင့်မရှိပေ။ ယခု ဂမ်ဘီယာ၏ စွဲဆိုမှုကို ကြည့်ပါက “ဂျီနိုဆိုက်ပြုနေသော မြန်မာကို အရေးယူပေးပါဟု” ရာဇဝတ်မှု၊ ပြစ်မှုဆန်ဆန် လျှောက်ထားသောကိစ္စမဟုတ်၊ မြန်မာသည် ဂျီနိုဆိုက် ပဋိညာဏ်ပါ အချက္များကို မလိုက်နာခြင်း ရှိ/မရှိ ဆိုသော တရားမမှုဆန်ဆန် တိုင်ကြားသော ကိစ္စဖြစ်သည်။ မြန်မာသည် ဂျီနိုဆိုက် ပဋိညာဏ် အပိုဒ် ၈ ကို လက္မှတ်မထိုးထား၍ အပိုဒ် ၈ ၏ စက်ကွင်းမှ လွတ်ကင်းသော်လည်း အပိုဒ် ၉ ကို လက္မှတ်ထိုးထား၍ အပိုဒ် ၉ မှ မလွတ်ကင်း။ ထို အပိုဒ် ၉ ဖြင့် ICJ က ဤအမှုကို စီရင်သည်။ လက်ရှိ ဖြစ်စဉ်တွင္ ကာကွယ်ပေးရမည့်သူကိုယ်တိုင်က သူ၏ နိုင်ငံအတွင်း ဂျီနိုဆိုက်ကို ကျူးလွန်လာပါက မည်သူကတရားလို လုပ်ရမည်နည်း ဆိုသည်က ဥပဒေကြောင်းအရ ကွက်လပ် လစ်ဟာမှု (legal vaccum) ရှိသည်။ ထို လစ်ဟာမှုကို အသုံးချ၍ ထပ်၍ ဂျီနိုဆိုက်ကို ပြုနေကြပါက မည်သို့ ပြုကြမည်နည်း။ ဂျီနိုဆိုက်ထပ်မဖြစ်ရန် ဆောင်ရွက်ကြမည်ဟု ကတိကဝတ်ပြုထားကြသည့် နိုင်ငံများက ထို (legal vaccum) ကြောင့် ထိုင်ကြည့်နေရမည်လော။ သို့မဟုတ် ဝိုင်းဝန်းတားဆီးရန် အားထုတ်ရမည်လော။ ဆိုသည့် အချက်တွင် ICJ က “ဝိုင်းဝန်းတားဆီးရန် အားထုတ်မှုဘက်က ရပ်တည်သည်။ သို့ဖြစ်၍ ဂမ်ဘီယာတွင် (Obligations Erga Omnes Partes ) စံနှုန်းအရ တရားစွဲဆိုခွင့် ရှိသည်၊ ကုလသမဂ္ဂတွင် မြန်မာအား ဂမ်ဘီယာသည် အငြင်းအခုံပြုလုပ်ထားခြင်းရှိသည်။ သို့ဖြစ်၍ ဂမ်ဘီယာတွင် တရားလိုလုပ်ခွင့်ရှိသည်ဟု ICJ က သတ်မှတ်သည်။

ICJ အမှုကို တည်ထားသော ဇစ်မြစ်မှာ ဘယ်အရာဖြစ်သနည်း

ဇစ်မြစ်မှာ IIFFMM၏ အစီရင်ခံစာဖြစ်သည်။ IIFFMM အစီရင်ခံ နှင့်ပတ်သက်၍ ICJ ၏ ရပ်တည်ချက္မှာလည်း စိတ်ဝင်စားစရာကောင်းသည်။ IIFFMM ၏ အစီရင်ခံစာသည် သက်သေအဖြစ်အတိအကျ အဖြစ်အသုံးချနိုင်လောက်သော အစီရင်ခံစာ မဟုတ်သည်ကို ICJ ဘက်က အသိအမှတ်ပြုသည်။ သို့သော် သက်သေအဖြစ် အတိအကျ အသုံးမချနိုင်၍ လုံးဝ ငြင်းပါယ်စရာ ရမည်ဟုလည်း ICJ သတ်မှတ်ထားသည်မဟုတ်ပေ။ ICJ တရားရုံးမှ IIFFMM ၏ အစီရင်ခံစာ၏ အဆင့်အတန်းကို အမှုတစ်ခုလုံးအပေါ် ဆုံးဖြတ်ရန် အထောက်အထားပြုရသော တစ်ခုတည်းသော သက်သေအဖြစ် အသုံးပြု၍ မရသော်လည်း  အမှုဖြစ်စဉ်အပေါ် နားလည်ရန် ကူညီပေးသော ဇစ်မြစ် “အထောက်အထား တစ်စိတ်တစ်ပိုင်း” အဖြစ် သတ်မှတ်ထားသည်။ ထိုသို့ သတ်မှတ်ချက်က မြန်မာအတွက် များစွာ အထိနာတော့သည်။ အဘယ်ကြောင့် ဆိုသော် IIFFMM အစီရင်ခံစာသည် သက်သေမဟုတ်၊ သို့ရာတွင် ဂျီနိုဆိုက် ကျူးလွန်မှုဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးရန် လမ်းညွှန်ထားသော အချက်တစ်ခုဖြစ်နေသည်။ ဤသို့ဤပုံ အခြေအနေများကို ဘက်မလိုက်ဘဲ စိစစ်ချက်အရ မြန်မာသည် ဂျီနိုဆိုက်ကို ကျူးလွန်မှုရှိ၊ မရှိအား ဆက်လက်စစ်ဆေးရန် လိုအပ်ကြောင်း အဆိုပြုထားသော စာဖြစ်သည်။ “ICJ” ဘက်က အမှုစတင်စဉ်ကာလ မြန်မာဘက်က တင်ပြချက္များကို ပါယ်ချလိုက်သော အဓိက အကြောင်းပြချက်များထဲတွင် “မြန်မာ၌ ဂျီနိုဆိုက် လက္ခဏာများ တွေ့ရှိရသည်။ သို့ဖြစ်၍ ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးရန်လိုအပ်သည်” ဟူသော ဆုံးဖြတ်ချက်၏ မူလဇစ်မြစ်မှာ IIFFMM ၏ အစီရင်ခံစာဖြစ်သည်။ 

IIFFMM အစီရင်ခံစာက မြန်မာအတွက် ငြင်းဆန်ထားသော နှောင်ကြိုး ဖြစ်သွားပြီ ဖြစ်သည်။ ထိုနှောင်ကြိုးက ရုန်းလေ ပို၍တင်းကြပ်လေ ဖြစ်မည်။ မရုန်းဘဲ နေလိုက်လျှင်လည်း ချည်နှောင်ခံထားရမည်။ ဖြတ်တောက်ရန်လည်း မဖြစ်နိုင်။ မြန်မာသည် IIFFMM နှင့် IIMM တို့ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းမရှိဟု အကြောင်းပြသည်။  ရေခံမြေခံ နိုင်ငံ၏ အခြေအနေနှင့် သဘောထားရပ်တည်ချက်အရ ပင် မပူးပေါင်းခွင့်ကရှိကြောင်း ဆိုသည်။ ထိုသို့ မပူးပေါင်းမှုကို “ဂျီနိုဆိုက်ပြုရန် ရည်ရွယ်ချက်” ဟု တံဆိပ် မကပ်သင့်ဟုလည်း ဆိုပြန်သည်။ ဂမ်ဘီယာကတော့ ထိုသို့ မပူးပေါင်းခြင်းကပင် ဂျီနိုဆိုက်ပြုရန် ရည်ရွယ်သည့် လက္ခဏာတရပ် မဟုတ်လောဟု ထောက်ပြထားသည်။ 

ဤအချက်ကိုတော့ မဝေးသော အချိန်ကာလတခုတွင် ICJ က ဆုံးဖြတ်လာမည် ဖြစ်သည်။

ဆက်ရန်

PrevPreviousတောင်ကုတ်မှာအာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ HDCO တို့ ပူးပေါင်းကာဆေးကုပေး
Nextတောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေNext
Previous Post

တောင်ကုတ်မှာအာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ HDCO တို့ ပူးပေါင်းကာဆေးကုပေး

Next Post

တောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

Releated Post

ဓာတ်ပုံ-လူမှုကွန်ရက်

​အီရန်မှာ မိန်းကလေးမူလတန်းကျောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၄၀ သေဆုံး

February 28, 2026
Photo - လူမှုကွန်ရက်

​အမေရိကန်နဲ့ အစ္စရေးတို့ Epic Fury စစ်ဆင်ရေးနဲ့ တီဟီရန်ကို အပြင်းအထန်ဗုံးကြဲ

February 28, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

ဘာရိန်းရှိ အမေရိကန်စခန်းတွေ တိုက်ခိုက်ခံရလို့ အဘူဒါဘီမှာ အရပ်သားတဦး သေဆုံး

February 28, 2026
ကိုးကား - Reuters

​အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

February 28, 2026
ဓာတ်ပုံ - ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

February 28, 2026

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

February 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page