Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၂၃ ။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ – တိုက်ခိုက်ရေးမှ အဖွဲ့ဝင် ၁၅ ဦးကို တပ်ကင်းကွာရက်ကျော်လွန်တဲ့အထိ တပ်တွင်းတာဝန်မထမ်းဆောင်တာကြောင့် တပ်ပြေးတရားခံတွေအဖြစ် ကြေညာလိုက်တယ်လို့ ဖေဖော်ဝါရီလ၂၂ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
သတ်မှတ်ထားတဲ့ ခွင့်ရက်တွေထက်ကျော်လွန်ပြီးနောက် တပ်ရင်းသို့ပြန်ပြီးသတင်းပို့တာမရှိတာမို့ အဲဒီရဲဘော် ၁၅ ဦးကို တပ်ပြေးတွေအဖြစ်သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီရဲဘော်တွေကိုတွေ့ရင် ပေါက်မြို့နယ်ပကဖအဖွဲ့ဆီသို့ အကြောင်းကြားပေးဖို့မေတ္တာရပ်ခံထားပြီး ကာယကံရှင် ရဲဘော်တွေအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ချင်ရင်လည်း ပြန်ပြီဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။










