Border News Agency
မြိုင်၊ ဖေဖော်ဝါရီ ၂၃။
မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) ပခုက္ကူခရိုင်၊ အမှတ် ၆ တပ်ရင်းမှာ စစ်ရေးစွမ်းရည်မြှင့်စုဖွဲ့လေ့ကျင့်မှု ရက်တိုသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။
အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်စည်းကမ်းကောင်းမွန်တဲ့တပ်အဖြစ်တည်ရှိနိုင်ဖို့ စုဖွဲ့လေ့ကျင့်မှုတွေကို နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းရဲဘော်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ခဲ့ကြပြီး တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေနဲ့ လက်ရှိစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံပြီး သစ္စာ၊ စည်းကမ်း၊ တာဝန်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဝန်းရံပေးနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။




















