Border News Agency
ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၂၄။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာရှိစျေးနဲ့ စာသင်ကျောင်းအနီးကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး ပွဲချင်းပြီး သေဆုံးသွားပြီးဆယ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
သေဆုံးသွားသူတွေထဲမှာ ကျောင်းနေအရွယ်ကလေးငယ်တွေ အများအပြားပါဝင်နေပြီး ဈေးအတွင်းစျေးဝယ်နေသူတွေပါ ထိခိုက်ခဲ့တာကြောင့် နေရာတခုလုံးပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် Border News Agency အနေနဲ့ ထပ်ပြီးအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်ပြီးတင်ပြသွားမှာဖြစ်ပါတယ်။






