ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနကနေ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုအားကောင်းလာစေဖို့အတွက် တပ်ရင်းသစ် ၃ရင်းကို တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအသစ်တိုးချဲ့အတည်ပြုလိုက်တဲ့ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၀၂ တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် ၈၀၀၃ တပ်ရင်းနဲ့ အမှတ် ၉၉၂၅ တပ်ရင်း – RANGOON WARRIORS PDF တို့ဖြစ်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ ပြင်ဆင်လိုက်တာပါ။
အထူးတိုင်းစစ်ဌာန ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်နဲ့ အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်အတိုင်း PDF ရဲ့ ကွပ်ကဲမှုအောက်မှာ COC နှစ်ရပ်နဲ့အညီ စနစ်တကျ စုဖွဲ့လေ့ကျင့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
အရင်ကလည်း ရန်ကုန်၊ပဲခူးနဲ့ မွန် ပကဖ အဖွဲ့တွေကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းခဲ့သလို၊အမှတ် ၈၀၀၁ တပ်ရင်းနဲ့ အမှတ် ၁၈၁၉ ဒရုန်းတပ်ဖွဲ့ကိုလည်း တရားဝင် ကွပ်ကဲမှုအောက်မှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
အဲဒီ အထူးတိုင်းစစ်ဌာန အောက်မှာနည်းဗျူဟာ ၅ခု၊တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနဲ့ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။






