အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၆ မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အဖွင့်အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။
သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ရဲ့ ကမ္ဘာ့အရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ဂရုတစိုက် တက်ရောက်နားထောင်ခဲ့တယ်လို့ဆိုပါတယ်။
ညီလာခံကာလအတွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက်ကမ္ဘာ့ဩဇာရှိ ခေါင်းဆောင်ဟောင်းတွေအဖွဲ့ဖြစ်တဲ့ The Elders က ထိပ်သီးပုဂ္ဂိုလ်တွေနဲ့လည်း အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ စစ်အာဏာသိမ်းမှုအလွန် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့သလို နိုင်ငံတကာရဲ့ အကူအညီတွေရဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။











