အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ရွာသန့်ရှင်းရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
အဲဒီစည်ပင်သာယာရေးဌာနက မြို့ပေါ်လမ်းတွေမှာ အမှိုက်ကားတွေနဲ့ လိုက်လံသိမ်းဆည်းတာ၊ရေမြောင်းတွေ ပိတ်ဆို့မှုမရှိအောင်ရှင်းလင်းတာနဲ့ အမှိုက်ပုံဟောင်းတွေကို ဖယ်ရှားတာတွေ လုပ်ပေးနေတာပါ။
အဲဒီအပြင် ဈေးတွေအတွင်း သန့်ရှင်းရေးလုပ်တာနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကိုလည်း ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။
အဲဒီ လမ်းဆုံလမ်းခွတွေမှာလည်း အမှိုက်ပုံးတွေချထားပေးသလို၊ အမှိုက်မပစ်ရမယ့် နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ လုပ်ဆောင်နေပါတယ်။
အဲဒီအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ မရှိအောင် စည်ပင်ဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။











