Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၂၈။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ARSA တွေပြန်ပီးဆွဲထားတဲ့ မူဆလင်လူငယ်တဦး ဖေဖော်ဝါရီလ၂၃ ရက်နေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်၊ မီးကျောင်းတက်ရွာမှ အဒူလ္လရဲ့သားအသက်ဆယ့်သုံးနှစ်အရွယ် ယာဆဲလ်အာရ်ဖတ်ဟာ ဇန်နဝါရီလ ၁၂
ရက်နေ့၊ ည ၁နာရီအချိန်ခန့်မှာ ARSAအဖွဲ့ရဲ့ ပြန်ပေးဆွဲဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။
အဲဒီ ARSAအဖွဲ့ဟာ ယာဆဲအာရ်ဖတ်ရဲ့မိသားစုထံ တာကာငွေ ၁၅ သိန်း (မြန် မာငွေ သိန်း၄၈၀ ခန့်)ကို တောင်းခံပြီး မပေးရင် ယာဆာအာရ်ဖာတ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ယာဆဲလ်အာရ်ဖတ်ရဲ့မိသားစုတွေမှ တာကာငွေ ၁၅သိန်းမပေးနိုင်ဘူးလို့ငြင်းဆိုခဲ့သလို နောက်ထပ်သုံးကြိမ်တောင်းတာတွေကိုလည်းငြင်းဆိုခဲ့ပြီး နောက်ဆုံးမှာ တာကာငွေနှစ်သိန်းပေးပါက ပြန်လွှတ်ပေးမယ်လို့ ငွေညှစ်တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ARSA အဖွဲ့တောင်းတဲ့ တာကာငွေနှစ်သိန်းကို ဖေဖော်ဝါရီလ၁၉ ရက်နေ့မှာ လွှဲပေးလိုက်ပြီး ဖေဖော်ဝါရီလ၂၃ ရက်နေ့၊ နေ့လည်၂ နာရီအချိန်မှာ ယာဆဲလ်အာရ်ဖတ် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
ယာဆဲလ်အာရ်ဖတ်ဟာ မောင်တောမြို့နယ် မီးကျောင်းတက်ရွာရဲ့အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ကျော်ခန့်အကွာ လှဖိုးခေါင်အနီးတောထဲမှာ သုံးဆယ့်ခုနှစ်ရက်ကြာဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ချ်ကို ဆေးကုသဖို့သွားတဲ့ မောင်တောဒေသခံသုံးဦးကိုလည်း အကြမ်းဖက် ARSA၊ RSO အဖွဲ့မှ ဖမ်းဆီးငွေညှစ်ခဲ့ပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ပြည်သူလူထုတွေကို လူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တာ၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်တာ၊ အနိုင်ကျင့်ငွေညှစ်တာ၊ လုယက်တာ၊ ပြန်ပေးဆွဲတာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေရှိနေပြီး ဒေသခံအရပ်
သားပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးကိုခြိမ်ခြောက်နေတာမို့ အာရက္ခတပ်တော်ကအကြမ်းဖက်ရှင်းလင်းရေးတွေအပြီးသတ်လုပ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။






