Border News Agency
အီရန်၊ ဖေဖော်ဝါရီ ၂၈။
အီရန်နိုင်ငံကို အစ္စရေးနဲ့အတူပူးပေါင်းတိုက်ခိုက်နေကြောင်း အမေရိကန်အရာရှိတဦးက အတည်ပြုလိုက်ပြီး လက်ရှိ မြို့တော်တီဟီရန်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
အီရန်သတင်းဌာန (Mehr News) ရဲ့ ဖော်ပြချက်အရ တီဟီရန်မြို့ရှိနေရာအချို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး လေကြောင်းလိုင်းအားလုံးကိုလည်း အရေးပေါ် ပိတ်လိုက်ရတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ သမ္မတဒေါ်နယ်ထရမ့်က အီရန်မှာမကောင်းတဲ့ နျူကလီးယား ရည်မှန်းချက်တွေရှိနေတယ်လို့ စွပ်စွဲခဲ့ပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပြီး အမေရိကန်သံရုံးဝန်ထမ်းတွေကိုလည်း နိုင်ငံအတွင်းကထွက်ခွာဖို့ သတိပေးထားခဲ့တာပါ။
အမေရိကန်နဲ့အီရန်တို့အကြား နျူကလီးယားဆိုင်ရာဆွေးနွေးမှုတွေမအောင်မြင်ခဲ့ဘဲ တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလိုပူးပေါင်းစစ်ဆင်ရေးကို အမေရိကန်ဘက်က တိုက်ရိုက်ပါဝင်ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။
အီရန်လွှတ်တော်အမတ် အီဘရာဟင် အာဇီဇီကတော့ ဒီတိုက်ခိုက်မှုအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေရှိလာမယ်လို့ သတိပေးထားပြီး အရှေ့အလယ်ပိုင်းစစ်ပွဲဟာ ထိန်းချုပ်မရတဲ့အခြေအနေကို ရောက်ရှိသွားပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။






