Border News Agency
နေပြည်တော်။ မတ် ၂။
ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ အကျဥ်းသားခုနှစ်ထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းပေးလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက မတ်လ၂ရက်၊ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂(က)အရ ပြစ်မှုကျူးလွန်သူ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းပေးလိုက်တာပါ။
အဲဒီပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊စခန်းတွေမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားခုနှစ်ထာင်ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပဒ်မ ၄၀၁ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းပေးလိုက်တာပါ။
အဲဒီအကျဉ်းသားခုနှစ်ထောင်ကျော်ကို “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် ခုကျခံနေတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်”ဆိုတဲ့ စည်ကမ်းသတ်မှတ်ချက်တွေနဲ့ ကျခံဖို့ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ လျှော့ပေါ့ပြီးပြစ်ဒဏ်လွတ်ငြိမ်းပေးလိုက်တာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကမတရားဖမ်းဆီးထားသူသောင်းနဲ့ရှိနေပေမယ့် အာဏာသိမ်းစစ်တပ်ဟာ မတရားဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။






