Border News Agency
ကူဝိတ်၊ မတ် ၂။
ကူဝိတ်နိုင်ငံရဲ့ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့အမေရိကန်လေတပ်ပိုင် F-15 တိုက်လေယာဉ် တစင်းဟာ မတ်လ ၂ ရက်၊ ဒီနေ့မနက်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေဖော်ထားပါတယ်။
အဲဒီ တိုက်လေယာဉ် ပျက်မကျခင်မှာပဲ လေယာဉ်မှူးဟာ အရေးပေါ်စနစ် (Eject) ကို အသုံးပြုပြီးလေယာဉ်ပေါ်ကနေ အ
ချိန်မီ ခုန်ထွက်နိုင်ခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။
လေယာဉ်မှူးဟာ မြေပြင်ပေါ်ကို လေထီးနဲ့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ အနီးအနားမှာရှိတဲ့ ဒေသခံရွာသားတွေက သူ့ကို လိုအပ်တဲ့ ရှေးဦးသူနာပြုစုမှုတွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်စစ်ဌာနချုပ်က လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။








