Border News Agency
အမေရိကန်၊ မတ်လ ၃။
အခုလက်ရှိ အီရန်မှာအမေရိကန်ရဲ့ F-15E တိုက်လေယာဉ် ၃ စင်း ပစ်ချခံလိုက်ရတဲ့ဖြစ်စဉ်မှာ လေသူရဲတွေရဲ့အသက်ဘေးကင်းဖို့အတွက် သူတို့ရဲ့အပေါ်အင်္ကျီ ဂျာကင်တွေထဲမှာ “Blood Chit” လို့ခေါ်တဲ့ အရေးပေါ် အသက်ကယ်စာလွှာတွေကို ထည့်သွင်းချုပ်လုပ်ထားလေ့ ရှိပါတယ်။
ဒီစာလွှာမှာ အာရပ်၊ တူရကီ၊ ပါရှန်း၊ ကာ့ဒ် နဲ့ အင်္ဂလိပ် စတဲ့ ဘာသာစကား ၅ မျိုးနဲ့ ရေးထားတာပါ။
အဓိပ္ပာယ်ကတော့ “ကျွန်တော်က အမေရိကန်နိုင်ငံသားပါ၊ ခင်ဗျားတို့ဘာသာစကားကို ကျွန်တော်မပြောတတ်ပါဘူး။ ခင်ဗျားတို့ကို ဒုက္ခမပေးပါဘူး။ ကျွန်တော့်ကို အစားအစာ၊ ရေ၊ နေစရာနဲ့ ဆေးကုသမှုတွေ ကူညီပေးပါ။ အမေရိကန်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးမယ်ဆိုရင် အမေရိကန်အစိုးရက ခင်ဗျားတို့ကိုဆုလာဘ်တွေပေးမှာပါ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ ဗီယက်နမ် စစ်ပွဲတုန်းက သုံးခဲ့တဲ့ Blood Chit မှာဆိုရင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် ဘာသာစကား ၁၄ မျိုးအထိပါဝင်ခဲ့တယ်လို့သိရပါတယ်။
မြန်မာလိုဆိုရင်တော့ “ကျွန်ုပ်သည် အမေရိကန်လူမျိုးဖြစ်ပါသည်။ သင်တို့ ဘာသာစကားကိုမပြောတတ်ပါ။ ကူညီစောင့်ရှောက်ပေးပါ၊ အမေရိကန် အစိုးရကကျေးဇူးဆပ်ပါမည်” ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။
ဒီစာလွှာဟာ လေယာဉ်ပစ်ချခံရပြီး ရန်သူ့နယ်မြေထဲရောက်သွားတဲ့ လေသူရဲတွေအတွက် ဒေသခံတွေရဲ့အကူအညီရနိုင်ဖို့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး၊ ကူညီပေးသူတွေကိုလည်း ငွေကြေးဒါမှမဟုတ်တခြားဆုလာဘ်တွေပေးမယ်လို့ ကတိပြုထားတဲ့ အသက်ကယ်လက်မှတ်ပဲဖြစ်ပါတယ်။
အခုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာလည်း ဒီလို Blood Chit တွေက အမေရိကန်လေသူရဲတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေပါတယ်။






