Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

ရွှေမင်းဂံရေတပ်ဗျူဟာကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ မတ်လ ၃။

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၊ ကုလားတန်မြစ်ထွက်ဝကိုထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရှိစစ်ကော်မရှင်တပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာကို အာရက္ခတ ပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပု ဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအားလုံးမှာစစ်ကော်မရှင်တပ်ဟာ ရေတပ်စစ်သ င်္ဘောတွေ၊အထိုင်ခံစစ်တွေအခိုင်အမာ ပြုလုပ်ခုခံနေပါတယ်။

အဲဒီနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်ချီဖြည့်တင်းခံစစ်အခိုင်အမာပြုလုပ်ထားပြီအာရက္ခတပ်တော်ထိုးစစ်ကို ကြည်း၊ရေ၊လေပူးပေါ င်းခုခံနေပါတယ်။

ဒါပေမယ့်အာရက္ခတပ်တော်ဟာစစ်တွေမြို့နယ်မှာအခိုင်အမာခြေကုတ်ယူထားပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ စစ်ကော်မရှင်တပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်။

“တပ်ဖွဲ့ဝင်အင်အားထောင်ချီဖြည့်ထားပါတယ်။ကြည်းရေလေပူပေါင်းထားပါတယ်။ အေအေကလည်းအပြင်းအထန်လာတိုက်နေပါတယ်။တိုက်ပွဲတွေက တော့ပိုပြင်းလာမှာပါပဲ။” လို့ စစ်တွေမြို့ နယ်မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အ မှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်ထားသလို ဗိုလ်ချုပ်အဆင့်ရေတပ်အရာရှိကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည်တထောင်နီးပါးထိအင်အားဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းဖွင့်လိုက်ပြီး စစ်ကော်မရှင်တပ်စစ်သည်ငါးရာထိအင်အားဖြည့်ထားသလိုရေ တပ်စစ်သင်္ဘောကြီးတွေလည်း ထပ်ဖြည့်ထားတာပါ။

အဲဒီရေတပ်အထိုင်တပ်ရင်းတွေမှာဒရု န်းတပ်ဖွဲ့တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်းထောက်တာတွေနေ့စဥ်ပြုလုပ်ကြသလို ဒရုန်းဗုံးချတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေပါတယ်။

အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှာ စစ်ရေယာဥ်ကြီးငယ်သုံးဆယ့်ငါးစင်းသာရှိခဲ့ပေမယ့် အစင်းရေငါးဆ ယ်ထိအင်အားဖြည့်ထားသလို ဒရုန်းအထူးတပ်ဖွဲ့တွေ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြည့်တင်းထားပြီး ကမ်း တက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊ လက်နက်၊ ရိက္ခာဖြည့်တင်းထားတယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုအပါအဝင်စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်၊ စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံတပ်တွေစုပေါင်းပြီး စစ်တွေမြို့နယ်ကုန်း၊ရေနှစ်ခုမှာစစ်ကော်မရှင်တပ်အင်အားတသောင်းကျော်ခန့်ထိဖြည့်တင်းထားပြီးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒါကြောင့် စစ်တွေမြို့နယ်ပတ်ပတ် လည်ပင်လယ်ပြင်မှာ ရေတပ်စစ်သ င်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊ကင်းလှည့်တာတွေ အဓိကပြုလုပ်နေတာပါ။

ဒါပေမယ့် အာရက္ခတပ်တော်ထိုးစစ်ကိုတာရှည်ခုခံနိုင်မှာမဟုတ်သလိုမြို့နယ်ပတ်ပတ်လည်ခံစစ်တွေဟာလည်းဆု တ်ခွာထွက်ပြေးတေကြရတာမို့ မြို့တွ င်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စစ်ရေးလေ့လာစောင့်ကြည့်တေကြသူတွေက ဆိုကြပါတယ်။

“စစ်တပ်ကမြို့ပတ်ပတ်လည်ကိုအခိုင် အမာထံစစ်ကြီးတွေတည်ဆောက်ထားတာပါ။ အဓိကတော့ အေအေကခြေကုတ်ယူလို့မရအောင်ပြင်ဆင်ထားတာပါ။ဒါပေမယ့်အေအေကစစ်တွေမှာခြေကုတ်ယူရသွားပြီလို့မြင်ပါတယ်။ဒါဆိုရင်မြို့တွင်းတိုက်ပွဲတွေဖြစ်လာတော့မှာပါ။ ဒကစကိုအရင်တိုက်မလား။ မြို့ကိုအရင်သိမ်းမလား။ စောင့်ကြည့်ရပါမယ်။” လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒါကြောင့်စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်း၊ပေါက်တော၊ရသေ့တောင်စတဲ့မြို့နယ်တွေကို ကြည်း၊ရေ၊လေပူးပေါ င်းပသ်ခတ်တာတွေအပြင်းအထန်ပြု လုပ်နေပါတယ်။

အဲဒီအပြင်စစ်တွေမြို့နယ်မှတိုက်ပွဲနေ ရာတွေကိုလည်း ကြည်း၊ရေ၊လေပူးပေါ င်းခုခံနေသလို စစ်ကော်မရှင်တပ်ခံစစ်နေရာတွေအနီးထိပေါင်ငါးရာဗုံးတွေပ စ်ခတ်ခုခံနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“မနေ့ကလည်းပစ်ခတ်သံတွေအကျယ်ကြီးကြားရပါတယ်။ အိမ်တွေတောင်လှုပ်သွားပါတယ်။ စစ်တပ်ကပေါင်းငါးရာဗုံးတွေလာကြဲသွားတာပါ။ ဆတ်ရိုးကျချောင်းတဖက်ကမ်းကကြားရတာပါ။ ရွှေမင်းဂံဖက်လား။ သုံးဆောင်ရွာဖက်လားသေချာမသိပါ။ တချို့က တော့ဗျိုင်းဖြူရွာကိုချတာလို့ပြောနေကြပါတယ်။” လို့ စစ်တွေမြို့ခံတဦးကBorder News Agency ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ဒေသကွပ်ကွဲမှုစစ် ဌာနချုပ်တည်ရှိရာပြည်နယ်မြို့တော်စစ်တွေကို အာရက္ခတပ်တော်ကစစ်ရေးအရခြိမ်းခြောက်ထားသလိုထိုးစစ်ဆင်တိုက်ခိုက်တာတွေအပြင်းအထန်ပြု လုပ်နေတာပါ။

အဲဒီစစ်တွေမြို့မှာအိန္ဒိယနိုင်ငံရဲ့ကု လားတန်ဘက်စုံစီမံကိန်းဆိပ်ကမ်းတည်ရှိသလို ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုလည်း စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောကြီးတွေ ထိန်းချုပ်ထားပါတယ်။

အဲဒီအပြင်ရခိုင်ပြည်နယ်လွှတ်တော်တ ည်ရှိပြီး မကြာခင်လွှတ်တော်ခေါ်ယူတော့မှာမို့ အာရက္ခတပ်တော်ကထိုးစစ်ဆင်သိမ်းယူတာတွေပြုလုပ်လာနိုင်ရင်လွှတ်တော်ခေါ်ယူတာတွေလည်းပျက်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းသိမ်းတိုက်ပွဲတွေမှာအာရက္ခတပ်တော်ရဲ့ရေတပ်အမြန်ရေယာဥ်တွေလည်းပါဝင်တိုက်ခိုက်နေတာမို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ် ရာရသူတွေများနေတယ်လို့ ဆိုကြပါတယ်။

PrevPreviousအီရန်မြို့တော်ကို ဗုံးအလုံးပေါင်းရာနဲ့ချီကြဲလို့ဂန္ဒီဆေးရုံနဲ့ လူနေရပ်ကွက်တွေပျက်စီး
Next​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံးNext
Previous Post

အီရန်မြို့တော်ကို ဗုံးအလုံးပေါင်းရာနဲ့ချီကြဲလို့ဂန္ဒီဆေးရုံနဲ့ လူနေရပ်ကွက်တွေပျက်စီး

Next Post

​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - အဉ္ဇနပူရမြိုနယ်၊ရွှေကျန်ရပ်ရွာမှစပါးခင်းတချို့ကို အောက်တိုဘာလ
၂၇ ရက်နေ့တွေ့ရပုံ/လက်ဝဲသူရိန်(စမ်းမတီး)

အာရက္ခလယ်သမားတွေ အကူအညီတွေလိုအပ်နေ

October 27, 2026
ဓာတ်ပုံ - BNA

“ပဋိပက္ခတွေကြား အာရက္ခပြည်သူတွေအတွက် တရားမျှတမှုနဲ့ဥပဒေအကာအကွယ်”

October 27, 2026
(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းတနေရာ/BNA)

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာသုံးသိန်းကျော်ကို အာဏာသိမ်းစစ်တပ်စိစစ်ထား

October 26, 2026

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

October 25, 2026

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာသုံးသိန်းကျော်ကို အာဏာသိမ်းစစ်တပ်စိစစ်ထား

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

တပ်တောင်မှာ မဒိန်းမှုကျူးလွန်သူကို ဖမ်းမိ

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

Releated Post

(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းတနေရာ/BNA)

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာသုံးသိန်းကျော်ကို အာဏာသိမ်းစစ်တပ်စိစစ်ထား

October 26, 2026

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

October 25, 2026

တပ်တောင်မှာ မဒိန်းမှုကျူးလွန်သူကို ဖမ်းမိ

October 25, 2026
​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

October 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page