Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

ရွှေမင်းဂံရေတပ်ဗျူဟာကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ မတ်လ ၃။

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၊ ကုလားတန်မြစ်ထွက်ဝကိုထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရှိစစ်ကော်မရှင်တပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာကို အာရက္ခတ ပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပု ဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအားလုံးမှာစစ်ကော်မရှင်တပ်ဟာ ရေတပ်စစ်သ င်္ဘောတွေ၊အထိုင်ခံစစ်တွေအခိုင်အမာ ပြုလုပ်ခုခံနေပါတယ်။

အဲဒီနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်ချီဖြည့်တင်းခံစစ်အခိုင်အမာပြုလုပ်ထားပြီအာရက္ခတပ်တော်ထိုးစစ်ကို ကြည်း၊ရေ၊လေပူးပေါ င်းခုခံနေပါတယ်။

ဒါပေမယ့်အာရက္ခတပ်တော်ဟာစစ်တွေမြို့နယ်မှာအခိုင်အမာခြေကုတ်ယူထားပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ စစ်ကော်မရှင်တပ်အ သိုင်းအဝိုင်းက ဆိုကြပါတယ်။

“တပ်ဖွဲ့ဝင်အင်အားထောင်ချီဖြည့်ထားပါတယ်။ကြည်းရေလေပူပေါင်းထားပါတယ်။ အေအေကလည်းအပြင်းအထန်လာတိုက်နေပါတယ်။တိုက်ပွဲတွေက တော့ပိုပြင်းလာမှာပါပဲ။” လို့ စစ်တွေမြို့ နယ်မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အ မှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို အနော က်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်ထားသလို ဗိုလ်ချုပ်အဆင့်ရေတပ်အရာရှိကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိစစ်သည်တထောင်နီးပါးထိအင်အားဖြည့်ထားတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းဖွင့်လိုက်ပြီး စစ်ကော်မရှင်တပ်စစ်သည်ငါးရာထိအင်အားဖြည့်ထားသလိုရေ တပ်စစ်သင်္ဘောကြီးတွေလည်း ထပ်ဖြည့်ထားတာပါ။

အဲဒီရေတပ်အထိုင်တပ်ရင်းတွေမှာဒရု န်းတပ်ဖွဲ့တွေ၊လက်နက်ကြီးတပ်ဖွဲ့တွေလည်းပါဝင်ပြီး ဒရုန်းနဲ့ကင်းထောက်တာတွေနေ့စဥ်ပြုလုပ်ကြသလို ဒရုန်းဗုံးချတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေလည်း ပြုလုပ်နေပါတယ်။

အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှာ စစ်ရေယာဥ်ကြီးငယ်သုံးဆယ့်ငါးစင်းသာရှိခဲ့ပေမယ့် အစင်းရေငါးဆ ယ်ထိအင်အားဖြည့်ထားသလို ဒရုန်းအထူးတပ်ဖွဲ့တွေ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပူးပေါင်းဖြည့်တင်းထားပြီး ကမ်း တက်စစ်ဆင်ရေးပြုလုပ်ဖို့ စစ်သည်၊ လက်နက်၊ ရိက္ခာဖြည့်တင်းထားတယ်လို့စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုအပါအဝင်စစ်တွေမြို့နယ်ပတ်ပတ်လည်ပင်လယ်ပြင်၊ စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံတပ်တွေစုပေါင်းပြီး စစ်တွေမြို့နယ်ကုန်း၊ရေနှစ်ခုမှာစစ်ကော်မရှင်တပ်အင်အားတသောင်းကျော်ခန့်ထိဖြည့်တင်းထားပြီးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒါကြောင့် စစ်တွေမြို့နယ်ပတ်ပတ် လည်ပင်လယ်ပြင်မှာ ရေတပ်စစ်သ င်္ဘောအများဆုံးတပ်ဖြန့်ချထားသလို ကင်းထောက်တာတွေ၊ကင်းလှည့်တာတွေ အဓိကပြုလုပ်နေတာပါ။

ဒါပေမယ့် အာရက္ခတပ်တော်ထိုးစစ်ကိုတာရှည်ခုခံနိုင်မှာမဟုတ်သလိုမြို့နယ်ပတ်ပတ်လည်ခံစစ်တွေဟာလည်းဆု တ်ခွာထွက်ပြေးတေကြရတာမို့ မြို့တွ င်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စစ်ရေးလေ့လာစောင့်ကြည့်တေကြသူတွေက ဆိုကြပါတယ်။

“စစ်တပ်ကမြို့ပတ်ပတ်လည်ကိုအခိုင် အမာထံစစ်ကြီးတွေတည်ဆောက်ထားတာပါ။ အဓိကတော့ အေအေကခြေကုတ်ယူလို့မရအောင်ပြင်ဆင်ထားတာပါ။ဒါပေမယ့်အေအေကစစ်တွေမှာခြေကုတ်ယူရသွားပြီလို့မြင်ပါတယ်။ဒါဆိုရင်မြို့တွင်းတိုက်ပွဲတွေဖြစ်လာတော့မှာပါ။ ဒကစကိုအရင်တိုက်မလား။ မြို့ကိုအရင်သိမ်းမလား။ စောင့်ကြည့်ရပါမယ်။” လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒါကြောင့်စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်း၊ပေါက်တော၊ရသေ့တောင်စတဲ့မြို့နယ်တွေကို ကြည်း၊ရေ၊လေပူးပေါ င်းပသ်ခတ်တာတွေအပြင်းအထန်ပြု လုပ်နေပါတယ်။

အဲဒီအပြင်စစ်တွေမြို့နယ်မှတိုက်ပွဲနေ ရာတွေကိုလည်း ကြည်း၊ရေ၊လေပူးပေါ င်းခုခံနေသလို စစ်ကော်မရှင်တပ်ခံစစ်နေရာတွေအနီးထိပေါင်ငါးရာဗုံးတွေပ စ်ခတ်ခုခံနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“မနေ့ကလည်းပစ်ခတ်သံတွေအကျယ်ကြီးကြားရပါတယ်။ အိမ်တွေတောင်လှုပ်သွားပါတယ်။ စစ်တပ်ကပေါင်းငါးရာဗုံးတွေလာကြဲသွားတာပါ။ ဆတ်ရိုးကျချောင်းတဖက်ကမ်းကကြားရတာပါ။ ရွှေမင်းဂံဖက်လား။ သုံးဆောင်ရွာဖက်လားသေချာမသိပါ။ တချို့က တော့ဗျိုင်းဖြူရွာကိုချတာလို့ပြောနေကြပါတယ်။” လို့ စစ်တွေမြို့ခံတဦးကBorder News Agency ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ဒေသကွပ်ကွဲမှုစစ် ဌာနချုပ်တည်ရှိရာပြည်နယ်မြို့တော်စစ်တွေကို အာရက္ခတပ်တော်ကစစ်ရေးအရခြိမ်းခြောက်ထားသလိုထိုးစစ်ဆင်တိုက်ခိုက်တာတွေအပြင်းအထန်ပြု လုပ်နေတာပါ။

အဲဒီစစ်တွေမြို့မှာအိန္ဒိယနိုင်ငံရဲ့ကု လားတန်ဘက်စုံစီမံကိန်းဆိပ်ကမ်းတည်ရှိသလို ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ကိုလည်း စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောကြီးတွေ ထိန်းချုပ်ထားပါတယ်။

အဲဒီအပြင်ရခိုင်ပြည်နယ်လွှတ်တော်တ ည်ရှိပြီး မကြာခင်လွှတ်တော်ခေါ်ယူတော့မှာမို့ အာရက္ခတပ်တော်ကထိုးစစ်ဆင်သိမ်းယူတာတွေပြုလုပ်လာနိုင်ရင်လွှတ်တော်ခေါ်ယူတာတွေလည်းပျက်သွားနိုင်တယ်လို့ ဆိုကြပါတယ်။

အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းသိမ်းတိုက်ပွဲတွေမှာအာရက္ခတပ်တော်ရဲ့ရေတပ်အမြန်ရေယာဥ်တွေလည်းပါဝင်တိုက်ခိုက်နေတာမို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ် ရာရသူတွေများနေတယ်လို့ ဆိုကြပါတယ်။

PrevPreviousအီရန်မြို့တော်ကို ဗုံးအလုံးပေါင်းရာနဲ့ချီကြဲလို့ဂန္ဒီဆေးရုံနဲ့ လူနေရပ်ကွက်တွေပျက်စီး
Next​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံးNext
Previous Post

အီရန်မြို့တော်ကို ဗုံးအလုံးပေါင်းရာနဲ့ချီကြဲလို့ဂန္ဒီဆေးရုံနဲ့ လူနေရပ်ကွက်တွေပျက်စီး

Next Post

​ထားဝယ်မှာ ခရီးသွားတွေဆီကငွေတောင်းနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ဦး ပစ်ခတ်ခံရလို့သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မောင်တောမြို့နယ် ကညင်ချောင်းမှာလူတဦးရေနစ်သေဆုံး

March 16, 2026

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

March 16, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026

မောင်တောမြို့နယ် ကညင်ချောင်းမှာလူတဦးရေနစ်သေဆုံး

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

Releated Post

မောင်တောမြို့နယ် ကညင်ချောင်းမှာလူတဦးရေနစ်သေဆုံး

March 16, 2026

မောင်တောမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်နေ

March 16, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လဝကအဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ၉ ဦးနဲ့ သယ်လာတဲ့ ထိုင်း ၄ ဦး ဖမ်းဆီးခံရ

March 16, 2026
​ဓာတ်ပုံ - Soar / AIRBUS DS 2026

​ယူအေအီးဖူဂျိုင်ရာဆိပ်ကမ်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်စာဆီကန်တွေ မီးလောင်

March 16, 2026
Photo - PLA

​ပခုက္ကူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

March 16, 2026

​ဂန့်ဂေါမှာ မူးယစ်ဆေးနဲ့လောင်းကစားလုပ်သူတွေကို ဖမ်းဆီးမယ်လို့ PDF သတိပေး

March 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page