Border News Agency
ကျောက်တော်၊ မတ် ၄။
”သူပုန်ဖြူ” ကဗျာစာအုပ် အားပေးသူတွေအတွက် ဒုတိယအကြိမ်ကံစမ်းမဲနှိုက်ပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ဒုတိယစစ်ဦးချုပ်ဒေါက်တာညိုထွန်းအောင်ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ မတ်လ ၄ ရက်၊ ဒီနေ့၊ နေ့လယ် ၁၂ နာရီအချိန်ကစလို့ Live လွင့်မဲဖောက်ပေးနေပါပြီ။
ဒီကံစမ်းမဲအစီအစဉ်မှာ iPhone 17 Pro Max နဲ့ MacBook Pro Air အပါအဝင် ဆုကြီး ၁၀ ဆုနဲ့နှစ်သိမ့်ဆု ၂၀ ကိုစာအုပ်ဝယ်ယူထားသူ ၁၅,၀၀၀ထဲကနေ မဲနှိုက်ရွေးချယ်ပေးသွားမှာပါ။
ဒါ့အပြင်နောက်ပိုင်းမှာလည်း တတိယအကြိမ်ကံစမ်းမဲပွဲ ဒါမှမဟုတ် တခြားစိတ်ဝင်စားစရာ အစီအစဉ်တွေကို အလျဉ်းသင့်သလို ဆက်လုပ်ပေးသွားမယ်လို့ “သူပုန်ဖြူ Team” က အသိပေးထားပါတယ်။






