Border News Agency
မြောက်ဦး၊ မတ် ၁၄။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငါးနဲ့ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းသုံးစွဲဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများစီမံခန့်ခွဲရေးဌာနက သတိပေးတားမြစ်ချက်တွေလုပ်ဆောင်နေပါတယ်။
အာရက္ခရေလုပ်သားပြည်သူတွေဟာ ငါးနဲ့ရေသယံဇာတတွေကို စနစ်တကျထိန်းသိမ်းသုံးစွဲဖို့အတွက် ရှားပါးရေ နေသတ္တဝါတွေဖြစ်ကြတဲ့ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းပိုင်၊ ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချတာတွေမပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီငါးတွေကို အဆိပ်ချဖမ်းဆီးတာ၊ ရှော့တိုက်ဖမ်းဆီးတာ၊ပေါက်ကွဲစေတ တ်တဲ့ပစ္စည်းတွေအသုံးပြုပြီးဖမ်းဆီးတာတွေ၊တားမြစ်ကိရိယာတွေနဲ့ငါးဖမ်းနည်းတွေမပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီအပြင်ရေနေသတ္တဝါတွေမျိုးပွားရှင်သန်ကျက်စားရာ ဒီရေတော်တွေရဲ့ဂေဟစနစ်ကိုပျက်စီးနိုင်တဲ့ ခုတ်ထွင်ရှင်းလင်းတာတွေနဲ့တားမြစ်ချက်တွေကို ကျူးလွန်တာတွေ့ရှိပါက ငါးလုပ် ငန်းဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်မယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုသတိပေးတားမြစ်ရတာဟာ ရေနေသတ္တဝါမျိုးစိတ်တွေနဲ့ရေသယံ ဇာတတွေကို သားစဉ်မြေဆက်စဉ်ဆ က်မပြတ်ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့အာရက္ခပရေလုပ်သားတွေလည်း ငါးနဲ့ရေသယံ ဇာတတွေကို စနစ်တကျထိန်းသိမ်းသုံး စွဲနိုင်ကြစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ရေသယံဇာတစီမံခန့်ခွဲရေးဌာနဟာ အာရက္ခပြည်အတွင်း ငါးလုပ်ငန်းနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာစီမံခန့်ခွဲမှုတွေကို အကောင်အ ထည်ဖော်ဆောင်ရွက်နေပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကိုအပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ထားပြီးအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။






