Border News Agency
မောင်တော၊ မတ် ၁၄။
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဆိုးကျိုးကြောင့် အမျိုးသမီးဆယ်သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးက ဆိုပါတယ်။
အဲဒီအမျိုးသမီးတွေအခြေအနေဆိုင် ရာကော်မရှင်အစည်းအဝေးကိုအမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပချိန် သံအမတ်ကြီးဦးကျော်မိုးထွန်းကခုလိုပြောတာပါ။
အာဏာသိမ်းပြီးနောက်မြန်မာအမျိုးသမီးတွေအပေါ် စနစ်တကျကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေပိုများလာတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမူတွေကြောင့် အမျိုးသမီးတွေဟာ ဘေးအန္တရာယ်ကြီးတွေထဲ တွန်းပို့ခံနေရသလို အမျိုးသမီးတွေ၊မိန်းက လေးငယ်တွေဟာ နေရပ်စွန့်ခွာထွက် ပြေးနေရမှုတွေတိုးလာနေပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ အဆိုဆုံးအခြေအနေကို ရောက်နေပြီးစစ်ကော်မရှင်ဟာလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ သံအမတ်ကြီးက ထောက်ပြပါတယ်။
ဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် စစ်လက်နက်နဲ့လေယာဉ်ဆီတွေကို နိုင်ငံတကာက အမြန်ဆုံးဖြတ်တောက်ပေးဖို့ တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် စစ်တပ်ကို နိုင်ငံတကာကထိရောက်တဲ့အရေးယူမှုတွေကို အချိန်မီလုပ်ပေးဖို့နဲ့အမျိုးသမီးတွေဦးဆောင်တဲ့ အကူ အညီပေးရေးတွေကို ပိုပံ့ပိုးပေးဖို့ သံအ မတ်ကြီးတောင်းဆိုထားပါတယ်။






